ကြင်ဖက်လေး

155 14 8
                                    

"ရိပေါ် ပြန်လာပြီလား။"

"ဘယ်လိုလဲ။ အဆင်ပြေလား။"

"ဘာလို့ ဒီလောက်တောင်ကြာနေတာလဲ။"

လောယွီတစ်ယောက် နန်းဆောင်ထဲဝင်လာသူအား  အသည်းအသန် မေးနေပေမယ့်လည်း ကာယကံရှင်ကတော့ ငါးခူပြုံးကြီး ပြုံးပြီး သီချင်းလေးညည်းရင်းနဲ့ ကိုယ့်ကိုလည်း အရေးမစိုက်ဘဲ အိပ်ဆောင်ထဲဝင်ကာ အဝတ်သွားလဲနေလေသည်။

ကိုယ့်မှာတော့ ဖခင်များ မိသွားမလား၊ တစ်ဖက်လူကများ ရိပ်မိသွားမလား စိုးရိမ်နေရတာ အမော။ မနက်ထဲက ကြင်ဖက်တွေ့ဟန်ဆောင်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ နန်းတော်ထဲဝင်လာပြီး ဘုရင့်နန်းဆောင်မှာ တိတ်တိတ်ကလေး စောင့်နေရသည်။

ကိုယ့်ကိုတော့ ဆယ့်ငါးမိနစ်ပဲ ကြင်ဖက်တွေ့ရမှာတောင် သတ်မလို၊ဖြတ်မလိုနဲ့။ မနည်းချော့ပြောပြီးမှ လက်ခံပြီသွားတွေ့တာ။ ဒါတောင် မြန်မြန်ပြန်လာမည် ဆိုပြီးပြောသွားတာလေ။

ခုတော့ တစ်နာရီကျော်မှလည်း ပြန်လာသေးတယ်။ ပြန်လာတော့လည်း လူစားလဲသွားသလိုပဲ အရယ်အပြုံးနည်းတဲ့သူက တပြုံးပြုံးနဲ့ အမယ် သီချင်းတောင် သူက ညည်းနေသေးတာ။

ဆိုင်မှာ လူ‌ေတွများလွန်းလို့ စိတ်ဖောက်သွားတာများလား။

"ရိပေါ်  ရိပေါ်။ မင်း အဆင်ပြေရဲ့လားဟင်။"

အဝတ်လဲပြီး ထွက်လာတော့လည်း လေလေး တချွန်ချွန်နဲ့ (ငါမှားသွားပါတယ် ရိပေါ်ရယ်။ ဘယ်လိုဖြစ်လာရတာလဲ။)

ရိပေါ်တော့ ဒီတစ်ယောက်နဲ့ စိတ်လေပါသည်။ ကိုယ့်ဘာသာ ကြင်ဖက်လေးကြောင့် ပျော်ရွှင်နေတာတောင် လွတ်လွတ်လပ်လပ်မပျော်ရဘူး။

အထိန်းတော်ကြီး ‌ပေးတဲ့ လက်ဖက်ရည်လေး‌အရင်သောက်ပြီးမှ

"အေး အားလုံးအဆင်ပြေခဲ့တယ်။ မပူနဲ့။ "

"ဟမ် အဲ့ဒါဆို ဘာလို့ ဒီလောက်ကြာနေရတာလဲ။ တစ်ဖက်ကလူနဲ့ ဘာဖြစ်‌ေနလို့လဲ။"

ဟော ရှည်လိုက်တဲ့ မိကျောင်းသားရယ်။

ဘယ်မှာကြာ‌ေနလို့လဲ။ မြန်နေလို့တောင် ရိပေါ်မှာ တွေ့လို့မဝ‌ခဲ့တာကို။

အများအကျိုးဆောင် ကိုယ်ကျိုးအောင်/ အများအကျိုးဆောင် ကိုယ်ကျိုးအောင်Where stories live. Discover now