2

652 74 4
                                    

" Sunoo က ကိုယ့်ကိုသဘောမကျဘူးလားဟင်.."

"ဗျာ.."

‌Sunoo မျက်နှာသည် ရုတ်ချည်းဆိုသလို ပူထူသွားသည်။
ဒီလူ ဘာတွေလာပေါနေပါလိမ့်..။

ညစာစားဝိုင်းကနေ သူ့ကိုလေညှင်းသွားခံရအောင်ဆိုပြီး ခေါ်ထုတ်လာတာ လေညှင်းရှူဖို့ဘဲ မဟုတ်ပါရော။

"မဟုတ်ဘူးလေ..ကိုယ်တို့က လက်ထပ်ရတော့မယ့် သူတွေဆိုပေမယ့်  Sunoo က ကိုယ့်ကို နည်းနည်းတော့ သဘောကျမှဖြစ်မှာပေါ့.."

"ဟို.."

သူစကားစရှာမရတော့။
ဘာပြန်ဖြေရမှာလဲဟင်။
သဘောကျပါတယ်လို့ ချက်ချင်းဖြေလိုက်ရမှာလား။

အဲ့ခါကျရင်လည်း ကိုယ့်နာမည်တောင် ကိုယ်နှုတ်ဆက်မှသိတာကို မင်းက ကိုယ့်ကိုသဘောကျတယ်ပေါ့ ဆိုတဲ့ စကားမျိုးထွက်မလာရင်တောင် ထိုသူ့စိတ်ထဲမှတော့ တေးထားလိမ့်မည်။

"အဲ့ဒါဆို အစ်ကို Heeseung ကရော.."

"ဟင်.."

"အစ်ကို ကရော..ကျွန်တော့်ကို သဘောကျလား.."

ထိုသူရဲ့ သမင်မျက်ဝန်းတွေ သူ့ကိုဝိုင်းစက်နေအောင် ကြည့်နေရာမှ မှေးကျင်းသွားကာ နှုတ်ခမ်းပါးတို့က ခပ်ဖွဖွရယ်သည်။

ပြီးတော့ သူ့ရဲ့ သွယ်သွယ်ရှည်ရှည် လက်ချောင်းလေးတွေနဲ့ သူ့ခေါင်းကို အသာအယာဖွပြီး စကားလမ်းကြောင်းလွှဲလာသည်။

"အပြင်မှာ အေးတယ်..အထဲပြန်ဝင်ရအောင်..
မေမေတို့ စိတ်ပူနေမယ်။"

သူ့နှုတ်ခမ်းလေး မဆိုသလောက် ဆူသွားတာကို မငြင်းနိုင်ပေမယ့် သူ့ရှေ့က ကျောပြင်ကျယ်ကျယ်နဲ့သူကတော့ မကောင်းတဲ့လူဆိုတာ (လုံးဝ)သေချာပါတယ်။

သူ(အဟဆ)တောင် သဘောမကျတာ ငါကရော သဘောကျရမှာတဲ့လား။

ဆုတောင်းလေ အားကြီးကြီး။
ဖြစ်နေအုံးမယ်..။

"Sunoo လာလေ။ ဘာကြောင်ရပ်နေတာလဲ.."

"ဟုတ် လာပြီဗျ"

သူချက်ချင်းပဲ သူ့မျက်နှာအမူအရာကို ပြင်လိုက်ကာ ယဉ်ယဉ်ကျေးကျေးစကားဆိုပြီး စိတ်အလိုမကျစွာဘဲ ခပ်သွက်သွက်လှမ်းလိုက်သည်။

ʰᵉʳᵉ ʷⁱᵗʰ ᵐᵉ || HeeSunWhere stories live. Discover now