ဒီနေ့ ရာသီဥတုအခြေအနေက မသာယာပါ ။
ကြက်သားသည်စကား နားမထောင်မိလို့ထင်ပါရဲ့ ။
သူ့နှလုံးအိမ်မှာ မုန်တိုင်းကြီးနေပြီ ။မုန်တိုင်းကင်းအောင် ကိုကို့ကို
ကြက်သား ပိဿခွဲလောက်ကို
ချက်ကျွေး ၊ ကင်ကျွေး ၊ သုပ်ကျွေး ၊
ဒါမှမဟုတ် အစိမ်းလိုက်ကိုမှ
ဆနွင်းမှုန့်ဖြူးပြီး စားခိုင်းရမယ် ။သူ့မျက်စိရှေ့က ကျောပြင်ကျယ်အား
သူ,ခပ်ဖွဖွ ထိတွေ့ကာ ကိုယ်ချင်းနီးစေရန်
ကိုကိုရှိရာဘက်အား တိုးကပ်သွားမိပါက
ကိုကို့ခန္ဓာကိုယ်လေးမှာ အနည်းငယ်
လန့်သွားပုံရကာ ကျုံ့ပါသွားသေးသည် ။သူ့အား ကျောပေးကာ မြေကြီးပေါ်က
ကျောက်စ အစိုင်အခဲလေးများအား
ချစ်ရသူက slipper စီးထားလို့
အနည်းငယ်ထွက်နေတဲ့ ခြေချောင်းတွေနဲ့
ထိုးကာ ဖိခြေကစားနေပုံမှာ ဘာကို
အလိုမကျလို့လဲ ဆိုတာ Sunoo မသိ ။သူသိတာကတော့ ကိုကိုက သူ့အပေါ်မှာ အာရုံစိုက်မှု မရှိတာကတော့ အတိုင်းသား ပေါ်လွင်နေပြန်သည်။
"ကိုကိုဟီးဆွန်း.."
"ဟီးဆွန်းပဲ..ကိုကိုမပါဘူး ။"
မနေနိုင် ၊ မထိုင်နိုင်စွာ အခေါ်ပြုမိတော့လည်း
သူ့မျက်နှာအား တစ်ချက်ကလေးတောင်
လှည့်မကြည့်ပါဘဲ ပြန်အဖြေပြုလာပုံမှာ
စိတ်ဆင်းညို၍ သတ်သေချင်စရာကောင်းလှသည်။"ဟာဗျာ..ကိုကိုကလည်း
အဲ့ဒါ ရစ်စရာမဟုတ်တာကို""အောင်မယ်..မင်းအမြင်မှာ
ငါကရစ်တယ်ပေါ့.. ။"မျက်နှာလေးကို မြင်ရပါပြီ ။
သူ့အား စကားခပ်မာမာနှင့်
အချေအတင်သဘောဆောင်ကာ
စကားစလိုက်ရာမှသာလျှင်
သူ့အား ပြန်လှည့်ကြည့်ကာ
ခပ်ဆတ်ဆတ်ပြောလာတဲ့
အသည်းပုံနှုတ်ခမ်းတစ်စုံကို
သူဖိကပ်နမ်းချင်စိတ်အား
ထိန်းချုပ်ထားရသည်မှာ မလွယ်လှပေ ။"ကျွန်တော်..တောင်းပန်ထားတယ်..
မဟုတ်လား..ကိုကိုရာ ။""မင်းက ဘာသိလို့
တောင်းပန်တာလဲ ။""အဲ့ဒါဆို ကိုကိုကရော
ဘာသိထားလို့ စိတ်ဆိုးနေတာလဲ။""ဘာမှမသိရလို့ပေါ့..မင်းနဲ့အတူ
လက်စွပ်သွားဝယ်ချင်တာ မနေ့ကတည်းက.. ။
အဲ့ဒါကို မင်းက မနေ့က
တစ်နေကုန်ပျောက်နေတာလေ ။
ဒီနေ့ကျပြန်တော့လည်း စောစောစီးစီး
ကိုယ်နိုးတဲ့အထိတောင်မစောင့်ဘဲ
ကိုယ့်ကို အသိမပေးဘဲ မပြောမဆို
ပျောက်,ပျောက်သွားတာ မဟုတ်ဘူးလား ။
အဲ့ဒါကို ကိုယ်က မင်းရှင်းပြတာလေး
နားထောင်ချင်လို့ စောင့်နေမိတာကို
မင်းကအလိုက်မသိဘဲ အခုလို
ကိုယ့်ကိုထပ်ပြီး စိတ်ဆိုးအောင်
လုပ်နေတာမဟုတ်လား.. ။"
YOU ARE READING
ʰᵉʳᵉ ʷⁱᵗʰ ᵐᵉ || HeeSun
RomanceWRITTEN IN BURMESE • i don't care how long it takes As long as im with u ive got a smile on my face Save ur tears, it'll be okay All i know is ure here with me •