3

452 61 0
                                    

"Sunoo ငါတို့ဒုတိယနှစ် ခုံတန်းလျားမှာ
မင်းဘဲကြီး ရောက်နေတယ်.."

"ဟမ် ငါ delivery မမှာထားမိပါဘူး"

Sunoo ရုတ်တရက်ကြောင်သွားသည်။
သူက deli သုံးနေကျ ဆိုပေမယ့် ဒီလိုမနက်ပိုင်းတော့ မမှာစားဖြစ်ပါဘူး။ပြီး‌တော့ အတန်းတက်ရမယ့်အချိန်နဲ့လည်း ကပ်နေပြီလေ။

"ဟ ချီးးး .. ဘဲကင်မဟုတ်ဘူးဟ..
မင်းလင်တော်မောင်ရောက်နေတယ်..
အဲ့ဒါ မင်းကိုခေါ်ပေးပါတဲ့.."

"ဟမ်.."

အဲ့လူ စိတ်ဆိုးနေတယ်ပြောပြီး လာတွေ့တယ်ပေါ့။
နေနိုင်တာလည်း မဟုတ်ဘဲနဲ့။

"တ ဟမ် ဟမ် နဲ့ ငါဆွဲလုပ်လိုက်တော့မယ်။
မင်းလူကြီးက စကားပြောတာကလည်း
သိပ်မဟုတ်သေးပါဘူး.."

"ဪ.. Heeseung က ဘာဖြစ်နေလို့လဲ.."

Heeseung က သူနဲ့သာ ပေါတောတောဆိုပေမယ့်
လူတိုင်းနဲ့ အဆင်ပြေပြေမရှိလှတာကို သူသိသည်။

"ချီး အရေးထဲမှ..ရှေ့နေလိုက်ပေးနေတယ်။
သွားပါကွာ ဟုတ်ပါပြီ။
မင်းလူဂွစာကြီးက တကယ်စကားပြောရ
အဆင်ပြေပါတယ်.."

"မဟုတ်ပါဘူးဟ..
မင်းပြောပုံက Heeseung ကို
သပ်သပ် လူဆိုးဇာတ်သွင်းနေတာကိုးး"

Taemang က သူ့ကို ပိုကိုပိုတယ်ဆိုတဲ့ အကြည့်နဲ့ကြည့်ကာ ပွစိ ပွစိနဲ့ ကျိန်ဆဲနေပုံရပြီး နောက်ဆုံးခုံကကောင်တွေနဲ့ 바위, 종이, 가위 သွားဆော့နေသည်။

သူလည်း ထယ်မန်နဲ့ စကားရည်လုတာ အနည်းငယ်ကြာပြီး WF🏳️ ပြခဲ့ကာ အစ်ကို့ဆီ အပြေးတပိုင်းလာခဲ့သည်။

အင်း။ သူ Heeseung ကို အစ်ကို လို့ခေါ်တာ ရှားတယ်။
စတွေ့ခါစကတော့ လူ့ယဉ်ကျေးလေးလုပ်ပြ‌နေပေမယ့်
နောက်ပိုင်း ပိုရင်းနှီးလာတဲ့အခါကျတော့ (ယို) တောင် ထည့်မသုံးတော့ဘူး။အဲ့ဒါကလည်း ချစ်လို့ပါ။

"ဘာတွေလုပ်နေတာလဲ ဒီမှာစောင့်နေတာ ကြာပြီကို.."

"ဘာမှမလုပ်ပါဘူး လာနေတဲ့လမ်းမှာ Heeseung အကြောင်းစဉ်းစားရင်း ခြေလှမ်းတွေကို လှမ်းနေတာမလို့ နှေးသွားတယ်ထင်ပါရဲ့.."

သူ့ရှေ့က လူသားက ရယ်ချင်တာကို အားရပါးရမရယ်ဘဲ ထိန်းချုပ်မရတဲ့အဆုံးမှ ရှက်ပြုံးယဲ့ယဲ့ကလေး ပြုံးသည်။

ʰᵉʳᵉ ʷⁱᵗʰ ᵐᵉ || HeeSunWhere stories live. Discover now