"ကိုကိုက စေ့စပ်ပွဲကို ရွှေ့လိုက်တယ်..?"
"အမေတို့လည်း ဘာဖြစ်မှန်း
မသိတော့ပါဘူးကွယ် ။
ဒီနေ့စေ့စပ်ပွဲအတွက်
ပြောသင့်တာလေးတွေ တွေ့ပြီး
ပြောကြရအောင်ဆိုကာမှ
ဟီးဆွန်းလေးက ထဖောက်လာတာကွယ် ။""မဟုတ်သေးပါဘူး မေမေရယ်။
ကျွန်တော်နဲ့ သူနဲ့ကြားမှာ
လောလောလတ်လတ်
အဆင်ပြေနေတာပဲ ။
ဘာပြဿနာမှ မရှိဘူးရယ် ။"ထိုစကားကိုတော့ မေမေ့မျက်နှာအား
မကြည့်ပါဘဲနှင့် သူ့မျက်နှာပူပူအား
မျက်ကွယ်ပြုလျက် အဖြေပြုမိသည် ။"မင်းကိုကိုနဲ့ အရင်
စကားပြောကြည့်ပါအုံး ။
အကြောင်းပြချက်က
ဘာလဲဆိုတာကို.."ဆောနူ စိတ်ပျက်လက်ပျက်ဖြင့်
ခေါင်းခါလိုက်မိသည် ။
သူဒီချိန်မှာ ကိုကိုနှင့်
မျက်နှာချင်းမဆိုင်ချင်သေး ။
သူက ဘာအမှားမှလည်း
လုပ်မထားတာကို။သို့ပေမယ့်..စိတ်နဲ့လက်တွေ့ဟာ တစ်ခြားစီ ။
"မေမေ ကျွန်တော်အခု ကိုကို့ကို
သွားတွေ့မယ် ။Driver Choi ကို
ကားပြင်ထားပေးဖို့ ပြောပေးပါ ။"မေမေက သူ့အား နားမလည်သလို
ကြည့်ကာ သူ့ရှေ့မှ ခပ်သုတ်သုတ်
ပျောက်ကွယ်သွားသည် ။☁︎☁︎☁︎☁︎☁︎☁︎☁︎☁︎☁︎☁︎
"ကိုကို ခင်ဗျားဟာက ဘာလဲနော် ။
ကျွန်တော် လိုက်မမှီနိုင်တဲ့အထိ.."သူကျောင်းဆောင်ရဲ့နောက်က
မေပယ်ပင်တွေကြားမှာ
ဒူးနှစ်ဖက်အားလက်ဖြင့်အားပြုပြီး
နဖူးကချွေးစများအား
လျစ်လျှူရှူကာ အမောဖြေရင်း
တစ်ကိုယ်တည်း ရေရွတ်မိသည် ။သူ့ကိုကို့ကို နေရာစုံရှာပြီးနေပြီ ။
အခုထိမတွေ့သေး ။အဲ့ဒါကြောင့် ဦးလေးချွဲကိုတောင်
အားနာလို့ အိမ်ကိုအရင်ပြန်ဖို့
ပြောလိုက်ရသည် ။ ဒီလိုရာသီဥတုမှာ
သူ့အတွက် နေရာစုံမောင်းပေးနေရတာ
ပင်ပန်းမှာပဲမလား ။ အသက်အရွယ်လည်း
ရလာပြီဖြစ်တဲ့ ဦးလေးအရင်းနီးပါး
သဖွယ်အား ဆောနူ မညှင်းဆဲရက်ပါ။Uni မှာက ထွေထွေထူးထူးမရှိတာမလို့
ကိုကိုလည်း မလာမှာကို သူသိသည် ။
YOU ARE READING
ʰᵉʳᵉ ʷⁱᵗʰ ᵐᵉ || HeeSun
Roman d'amourWRITTEN IN BURMESE • i don't care how long it takes As long as im with u ive got a smile on my face Save ur tears, it'll be okay All i know is ure here with me •