•Past I•

901 73 1
                                    


ဆောင်းဂျင်းအထက်တန်းကျောင်း

ပြေးလွှားနေတဲ့ကောင်လေးတစ်ယောက်က စာဖတ်နေတဲ့ကောင်လေးတစ်ယောက်ကိုဝင်တိုက်သွားတော့စာဖတ်နေတဲ့ကောင်လေးက

"ရားးးးကင်ထယ်ရယ်"

ဘေးနားမှာကြည့်နေတဲ့ဆောင်းဟန်ဘင်းကတော့ရယ်နေကာ

"ဒီနှစ်မင်းတို့နဲ့အခန်းမတူပါစေနဲ့"

ဆိုပြီးဆုတောင်းနေတဲ့ကင်ထယ်ရယ်တစ်ယောက်လူတစ်ယောက်နဲ့ဝင်တိုက်မိတာ သူကဝင်တိုက်မိပေမယ့် အပြောမခံချင်တာကြောင့်

"လမ်းဘယ်လိုကြည့်လျှောက်နေတာလဲ လူတစ်ယောက်ကြီးကိုတောင်မမြင်ဘူးလား...."

ထယ်ရယ်တစ်ယောက်ပြောနေတုန်းစကားတွေပျောက်သွားအောင်ကိုအရှေ့မှာရှိနေတဲ့သူကချောပါတယ် ဆံပင်တေကိုရွှေရောင်ဆိုးထားတဲ့အပြင် တက်တူးလည်းထိုးထားသေးတာမို့ လူဆိုးလေးပဲလို့သတ်မှတ်လိုက်တုန်းရှိသေးတယ် ကောင်လေးက ပြာပြာသလဲ တောင်းပန်လာတော့

"တောင်းပန်ပါတယ် မမြင်မိလို့ပါနော် လူလိုက်ရှာနေလို့ပါ တောင်းပန်ပါတယ်"

ထယ်ရယ်မှာအတင်းတောင်းပန်လာတဲ့ကောင်လေးကိုကြည့်ရင်း ရပါတယ်လို့သာပြောနိုင်တော့တယ် ကောင်လေးရဲ့နာမည်ကတ်ကလေးကိုကြည့်လိုက်တော့လည်း ရစ်ခီတဲ့လေ နိုင်ငံခြားသားလေးလားမသိဘူး

ရစ်ခီဆိုသောကောင်လေးနဲ့အကြည့်ချင်းဆုံလိုက်မိတဲ့အခါ ထယ်ရယ်ရင်ထဲကတစ်စုံတစ်ခုကလှုပ်ရွကာထယ်ရယ်ကိုယ်တိုင်တောင်ကြားနေရတာကြောင့် ကောင်လေးကြားသွားမှာဆိုးလို့ပြေးထွက်လာခဲ့ရတယ်

"ရစ်ခီ?!?"

ရစ်ခီဆိုသည့်ကောင်ကလေးကို လက်ညိုးထိုးကာအံ့ဩနေသည့် ကောင်ကလေးတစ်ယောက်

"hao ge"

ရစ်ခီ ကတော်သေးတာပေါ့ဆိုတဲ့အပြုံးနဲ့ ကျန်းဟောက် ဆီကိုပြေးသွားခဲ့တယ် ကျန်းဟောက်နဲ့သူဟာညီအစ်ကိုဝမ်းကွဲတွေဖြစ်သည့်အတွက်ကြောင့်ပင်ဖြစ်သည်

ကျန်းဟောက်ကတော့မနိုင်ပါဘူးဆိုတဲ့အတွေးနဲ့ အနာဂတ်ကိုကြိုတွေးပူနေပါပြီ ဒီကလေးဘာလို့ဒီကိုပြောင်းလာလဲသူသိသည့်အတွက်ကြောင့်မို့ပင်ဖြစ်သည်

But when he walks in, I am loved!Where stories live. Discover now