•Past IV•

618 70 0
                                    


"ရစ်ခီ ဘာဖြစ်လို့လဲ"

ငြိမ်ပြီး တစ်ခုခုကိုတွေးနေတဲ့ရစ်ခီ ကိုထယ်ရယ်ကစိတ်ပူတဲ့ပုံစံနဲ့မေးလိုက်တော့

"ဘာမှမဟုတ်ပါဘူး"

လို့သက်ပြင်းချပြီး ပြန်ဖြေခဲ့တယ် ထယ်ရယ်ကတော့စိတ်ပူသည့်ပုံနဲ့ ဆက်ကြည့်နေခဲ့တယ် တွေးကြည့်ရင် ထယ်ရယ်တို့က ရုတ်တရက်ကြီးရင်းနှီးသွားပြီး ခင်သွားခဲ့ကြလို့ အခွင့်အရေး ရပြီးထင်မိပေမယ့် ရစ်ခီ  က ကြိုက်နေတဲ့သူရှိတဲ့လို့ သိလိုက်ရတာမို့ လက်လျော့ထားခဲ့ရပေမယ့် ဒီလိုလေးအတူတူ စကားပြောနေနိုင်တာကိုပဲကျေနပ်မိပါတယ်

ထယ်ရယ်မသိတာလိုက်တာတစ်ခုက ရစ်ခီဟာလောလောလတ်လတ်ထိုကြိုက်နေတယ်ဆိုတဲ့သူဆီကအငြင်းခံရတယ်ဆိုတာပါပဲ

________________________________

"ဂျီဝုမ်းဟျောင်း သဘောကျတယ်"

ရစ်ခီဖြေလာမယ့်အဖြေကိုသိပေမယ့်လည်းခံစားချက်ကိုသိစေချင်တာမို့ထုတ်ပြောလိုက်ရခြင်းဖြစ်တယ်

"တောင်းပန်ပါတယ် ဟျောင်းက..."

ရစ်ခီစစက တော့ဂျီဝုမ်းဟျောင်းသူ့ကို ပြန်သဘောကျလောက်မယ်ထင်ခဲ့ပေမယ့် နောက်ပိုင်းနားလည်လာတာနဲ့ အမျှမဖြစ်နိုင်တော့မှန်းသတိထားမိလာခဲ့တယ်

"ဟျောင်း သဘောကျနေတဲ့သူ ရှိလို့မလား"

"..."

ရစ်ခီကရယ်ပြီးပြောလိုက်ပေမယ့် ဂျီဝုမ်းကဘာပြောရမလဲ စဉ်းစားနေတဲ့ပုံကြောင့် ရစ်ခီကပဲဆက်ပြီး

"ဟျောင်း ကျိန်းသေပေါက် ဖွင့်ပြောရမယ်နော် အဲ့တော့မှသူသိမှာမို့ ဟျောင်းကျွန်တော်ဒီလိုပြောလိုက်လို့ သူငယ်ချင်းမဖြစ်ပဲနေချင်လို့မရဘူးနော် ကျွန်တော်တို့က သူငယ်ချင်းတေဖြေနေအုန်းမှာ"

ရစ်ခီက နေရမခက်အောင်ပြောလိုက်တာမို့ ဂျီဝုမ်းကလည်း

"နားလည်ပေးလို့ ကျေးဇူးပါရစ်ခီ"

နှစ်ယောက်စလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြပြီး ဒီလိုနဲ့ ရစ်ခီရဲ့ အချစ်ဦးဇာတ်လမ်းလေးဟာပြီးဆုံးခဲ့တယ်
_________________________

But when he walks in, I am loved!Where stories live. Discover now