•Past II•

641 69 4
                                    


"ရစ်ခီရေ မင်းဒီအလုပ်ကိုစိတ်မဝင်စားဘူးမလား ဘောလုံးရူးရူးနေတဲ့သူကဘယ်လိုဖြစ်ပြီး ကျောင်းကောင်စီထဲဝင်ချင်ရတာလဲ"

ဂွန်းဝုဂီ ကိုကျောင်းကောင်စီအဖွဲ့ဝင်ဖြစ်ရန် ရုတ်တရက်တောင်းဆိုမှုကြောင့် အံ့ဩ​နေသည့်ပုံဖြစ်မေးနေတယ်

"လုပ်ပါနော် မိုက်တယ်မလားကျောင်းတာဝန်တေကိုလုပ်ကတာ"

ရစ်ခီမှာ ရည်ရွယ်ချက်တစ်ခုခုကြောင့် ဝင်တယ်ဆိုတာဂွန်းဝု သိပါတယ် ရစ်ခီလား ကျောင်းကောင်စီကိုစိတ်ဝင်စားမှာ အတန်းခေါင်းဆောင်ဖြစ်တဲ့ ဂွန်းဝုကို ဆရာမက အကူအညီတောင်းထားတာမို့ ရစ်ခီနဲ့ခင်သွားတာ ပဲ

ရစ်ခီနဲ့ခင်တာမကြာသေးပေမယ့် မိဘတွေအလိုလိုက်ထားတာကြောင့် လုပ်ချင်တာလုပ်နေကြောင်းတစ်ခုတော့သိထားရပါတယ်

"ပြီးတော့ လူတစ်ယောက်ကြောင့် သူက အဲ့ဒီမှာရှိတယ်အဲ့တာကြောင့်"

နောက်တစ်ခုကတော့ တအားပွင့်လင်းပါတယ် ဖြေတဲ့ပုံစံကိုကဒီလို တည်တိုးပါပဲ

"ကူညီပေးပါနော် နော်~~"

ဂျီဝုမ်း ဟျောင်း ကိုကျောင်းကောင်စီမှာတွေ့လိုက်လို့ ရစ်ခီ ဝင်ချင်ခြင်းဖြစ်တယ် နီးစပ်အောင်လုပ်ရမယ်လေ

————————————————————

နေသာတဲ့နေ့လေးတစ်နေ့မှာ ရစ်ခီဟာ ကင်ဂျီဝုမ်းဆိုတဲ့အမျိုးသားနဲ့တွေ့ဆုံခဲ့တာဟာ ကံကြမ္မာ ပဲလားမပြောတတ်

ကိုရီးယားကိုအလည်အပတ် လာစဉ်က ရစ်ခီကြောင်ကလေး မစ် က ပျောက်သွားလို့ အပြင်ထွက်ရှာရတဲ့အချိန်

ဆောင်းဂျင်း ကျောင်းဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်က မစ် ကိုပွတ်သပ်ပေးနေတဲ့ထိုအမျိုးသားလေးဟာ ရစ်ခီအတွက် အချစ်ဦးဖြစ်ခဲ့တယ် ပထမဆုံးရင်ခုန်မိခဲ့တယ် ကြောင်ရပ်နေမိတာမို့ ထိုကျောင်းသားက လာပြီး

"ပိုင်ရှင်လား"

ဆိုပြီးလာမေးတော့ရစ်ခီကြောင်ကြည့်မိတယ် တကယ် ချောမောပြီး ပြုံးနေသောထိုလူဟာ တကယ် ရစ်ခီကို ပြုစားသွားပြီပဲ ရင်ခုန်သံတေမြန်လာပြီး

But when he walks in, I am loved!Where stories live. Discover now