part_2🌻

121 4 0
                                    

ဒီလိုနေ့မျိုးကိုရောက်လာလိမ့်မယ်လိုမထင်မိချေ။ထက်ဘေးမှာရှိနေတဲ့သူမကထက်ရဲ့ပါးကိုနမ်းလိုက်တယ်တဲ့ထက်ကြောင်ပြီးနေတုန်းချစ်ဖို့ကောင်းလို့နမ်းတာတဲ့မင်းသိပ်ဆိုးတယ်ငယ်။

"သုဘာဖြစ်လို့လည်းဟင် ငါနမ်းတာမကြိုက်လို့လား"

ဘာမှပြန်မပြောဘဲသူမကိုစိုက်ကြည့်နေသောထက်ကြောင့်နမ်းတာကိုမကြိုက်ဘူးလို့ထင်သွားသူမကမျက်နာငယ်လေးနဲ့

"မဟုတ်ပါဘူးရွှန်းရဲ့မိန်းခလေးတစ်ယောက်ဆီကနမ်းခံရတာပထမဆုံးမို့နည်းနည်းကြောင်သွားတာ"

"မသိပါဘူးငါကနင်မကြိုက်ဘူးထင်တာ"

"ရွှန်းကိုယ်လည်းပြန်နမ်းလို့ရလား"

"ဟမ် ရတယ်လေ"

စိုပြီးပါးလေးထိုးပေးတဲ့သူမ။ထက်ကဟိုဘက်လှည့်ပေးထားတဲ့သူမမျက်နှာကိုဆွဲလှည့်ပြီးနှုတ်ခမ်းဖူးဖူးလေးကိုဖိနမ်းလိုက်ပြီးလျှာ‌လေးနဲ့လျှက်လိုက်မိတော့သူမအနည်းငယ်လန့်သွားတယ်ထင်ပါ့မျက်နှာလေးကိုတစ်ဖက်ကိုလှည့်သွားပြီးယွန်းကိုစကားသွားပြောနေရဲ့အဲ့လိုလုပ်လိုက်မိတာထက်များမှားသွားပြီလားမသိတော့ပေ။ထက်လည်းစိတ်ညစ်ညစ်နဲ့အိမ်သာတစ်ယောက်ထဲထွက်လာမိတယ်။အခန်းထဲပြန်ရောက်လာတော့သူမကမရှိတော့ဒါကြောင့်ယွန်းကိုသူမဘယ်သွားလည်းမေးတော့မုန့်ဈေးတန်းသွားတယ်တဲ့ဟုတ်ပါတယ်သူမလည်းရှက်မှာပေါ့။ခဏကြာတော့ယွန်းကပြောလာတယ်

"ထက်နင်ရွှန်းရဲ့နှုတ်ခမ်းကိုနမ်းလိုက်မိတာလား"
ထက်စိတ်ထဲမကျေနပ်တော့ဖြစ်မိတယ်ကိုယ်တေအကြောင်းကိုသူများသိသွားတော့ဒါပေမဲ့ထားလိုက်ပါတော့သူ့ငယ်သူငယ်ချင်းစိုတော့

"ဟုတယ်ဘာဖြစ်လို့လည်း"

"ဟဲ့ရွှန်းကသူ့ကိုအဲ့လိုနမ်းရင်မကြိုက်ဘူးသူ့ကောင်လေးကိုဘဲနမ်းခံတာငါတို့တောင်သူ့ပါးကိုဘဲနမ်းလို့ရတယ်ခုနင်ကအဲ့လိုသွားနမ်းတော့ဟိုကစိတ်ဆိုးသွားပြီ"

"အွန်းနောက်သတိထားမယ်"
လောကကြီးကစိတ်ပျက်ဖို့ကောင်းလိုက်တာသူမကသူ့ကောင်လေးနမ်းတာကိုဘဲကြိုက်တယ်တဲ့လား။ခုကိုယ်နမ်းလိုက်လို့သူမကစိတ်ဆိုးနေလေရဲ့လား။မင်းနားနေရင်တော့ကိုယ်စိတ်ကိုအမြဲထိန်းမှရတော့မယ်ထင်ပါတယ်ငယ်ရယ်။
နောက်တော့အခန်းထဲပြန်၀င်လာတဲ့သူမဒါပေမဲ့နှစ်‌ယောက်လုံးဘာစကားမှမဆိုမိခုမှစမဲ့ဇာတ်လမ်းကအပိုင်းတစ်ဇာတ်သိမ်းတဲ့လားအချစ်ရယ်။

ငယ်(ရွှန်းငယ်)On Going Where stories live. Discover now