parts_7🌻

42 2 0
                                    

(ထက်ဒီနေ့အစောကြီး၀တ်မှုံဖူးစိုတဲ့ကောင်မလေးရဲ့အခန်းကိုရောက်နေတယ်သူမလေးဆီကအဖြေယူမလို့ ဟုတ်တယ်ရွှန်းကိုရွဲ့ချင်လို့ထက်ကျောင်းဆင်းခါနီးမာဖွင့်ပြောခဲ့လိုက်တာ သူမကဒီနေ့အဖြေပေးမယ်တဲ့ ရွှန်းသာသိရင်စိတ်မကောင်းဖြစ်မယ်ထင်မိတယ်)

"သု.."

"ဟမ်!!ရွှန်းငယ် ဘယ်လိုဖြစ်လို့ရောက်လာတာလည်း"

"နင်ဘဲဟိုကောင်မလေးဆီကအဖြေတောင်းမို့ဆို"

(သူသိသွားပြီဘဲစိတ်ထဲဘယ်လိုရှိလည်းစမ်းရမယ်)

"ဟုတ်တယ် သူ့စီကအဖြေတောင်းမို့ ရွှန်းဘယ် ဘ...."

"သိသားဘဲအဲ့တာကြောင့် လာကူစောင့်ပေးတာ"

(ထက်စကားတောင်မဆုံးခင်ဖြတ်ပြောလာတဲ့သူမ ထက်အထင်လွဲသွားခဲ့တာဘဲ သူမကဘာမှတောင်မဖြစ်တဲ့အပြင်လိုက်စောင့်ပေးတာတဲ့ )

"ဟော ဟိုမာ၀တ်မှုံဖူးလာပြီ ခြင်းတောင်းသွားဆွဲပေးလိုက်"

"ဟမ်...အေးအေး"

>>>>>>>>>>>>>>>>>>>>>

"၀တ်မှုံကိုယ့်ကိုအဖြေပေးမယ်စို"

"အမကို ၀တ်မှုံ ချစ်..ချစ်တယ်နော်"

"ကိုယ့်ကိုအဖြေပေးလို့ကျေးဇူးပါနော် ချစ်တယ်ငယ်လေး"

ဆိုပြီးသူမခေါင်းကိုထက်အနမ်းတစ်ပွင့်ပေးလိုက်တယ် ၊ဟုတ်တယ် ငယ်လေးဒါရွှန်းငယ်ကိုသိပ်ခေါ်ချင်တဲ့နာမ်စားလေးဒါပေမဲ့သူမနေရာမာအစားထိုးထားတဲ့ကောင်မလေးကို ငယ်ဆိုတဲ့နေရာကနေစပြီးအစားထိုးမယ်

"အမ..အမရေ"

"ဟမ်!!! "

"၀တ်မှုံအမကိုခေါ်နေတာကြာပြီ ဘာတေတွေးနေတာလည်း"

"sryငယ်လေးကိုယ်အပျော်လွန်ပြီးမေ့သွားတာ"

"ဟုတ်ပါပြီ"

"ဒါနဲ့ငယ်လေးကကိုယ့်ကိုခေါ်တာဘာလို့အမလည်း မ လို့ပြောင်းခေါ်လေကွာ"

"၀တ်မှုံအစမို့ပါနောက်ဆိုခေါ်ပါ့မယ်"

"ပြီးတော့ကျန်သေးတယ်အခုကစပြီးငယ်ကကိုယ့်ကိုကိုယ်ငယ်လို့ဘဲသုံးရမယ် လေ့ကျင့်ထား"

ငယ်(ရွှန်းငယ်)On Going Where stories live. Discover now