part_6🌻

99 2 0
                                    

ဒီနေ့လည်းကျောင်းတက်ရအုန်းမှာပါလားအပျင်းတစ်ပြီးမထချင်ပေမဲ့လည်းထရပါမယ်တွေ့ချင်နေတဲ့မျက်နှာလေးကိုတွေ့ရဖို့ခွဲတာနေ့တစ်ပိုင်းဘဲရှိပေမဲ့ တစ်နှစ်လောက်ခွဲရသလိုဘဲ တကယ်သာခွဲရရင် ထက်အမြန်အဲ့အတွေးတေကိုခေါင်းထဲကနေခါထုတ်လိုက်ရင်း

"သုထက်စံဘာလို့လျောက်တွေးနေတာလည်းနင်ကြိုးစားရင်သူနဲ့နီးရမှာပေါ့ဟ ဟုတယ် fighting "

ထက်အိပ်ရာကနေမြန်မြန်ထပြီးသီချင်း‌လေးတစ်ငြီးငြီးနဲ့ပြင်ဆင်လိုက်တယ် ကိုယ်မင်းနားကိုရအောင်လာတော့မယ်အချစ်ရေ

~~~~~~~~~~~

ထက်စောင့်နေတာတော်တော်တောင်ကြာပြီသူမကခုထိမရောက်သေး

"ဟဲ့ သုထက်စံအပြင်ထွက်ပြီးဘာလုပ်နေတာလည်းအခန်းထဲ၀င်နေလေ အပြင်မှာအေးတယ်"

ကျောင်းကခြောက်ထပ်ရှိပြီးထက်တို့အလွှာက လေးလွှာမှာရှိတော့မနက်စောစောတိုက်ခတ်တဲ့လေပြေလေးတေကသိပ်အေးပါတယ်။ ဟောရောက်လာပါပြီး မျက်နှာကလည်းဆူပုတ်လို့ရယ် ဒီခလေးမဘာတေအလိုမကျလည်းမသိ

"ရွှန်းဘာဖြစ်လို့လည်း မျက်နှာကလည်းဆူပုတ်လို့"

"ဘာဖြစ်ရမှာလည်းဒေါ်ချောစုနဲ့ရန်ဖြစ်လာတာ"

"ဟားးးဟားးဖြစ်ပြန်ပြီးလားဒီသားမိ"
ရွှန်းတို့ကအမေတစ်ခုသမီးတစ်ခုစိုတဲ့အတိုင်းမြင်တာနဲ့အချင်းချင်းကိုက်နေကြတဲ့အထိချစ်ကြတာ

"သူကဟယ်သွားခါနီးလာခါနီးကိုလာဆူနေတယ် တကယ်ဘဲ"

"ရွှန်းရယ်ကိုယ့်အမေအကြောင်းလည်းကိုယ်သိနေတာဘဲကိုပြောနေသေးတယ်"

"သုဒီနေ့အောက်ထပ်ဆင်းရအောင် ငါ့မောင်လေးကိုသွားတွေ့မို့"

"အွန်းလိုက်ခဲ့မယ်"

~~~~~~~~~~~~~~~

"သုသွားမယ် ငါ့ကောင်လေးကိုလည်းကြည့်ဦးမယ်"

"ဘာ. "

"လန့်လိုက်တာသုရယ်"

"တွဲလိုက်ပြီလားသူနဲ့"

"ဟုတယ်တွဲလိုက်ပြီ "

"နင့်ဘာသာသွားလိုက်တော့မလိုက်တော့ဘူး"

ငယ်(ရွှန်းငယ်)On Going Where stories live. Discover now