"သုရေ......"
လို့အာပြဲကြီးနဲ့အော်ပြီး၀င်လာတဲ့သူမရယ်ပါ"ဟမ် ပြောလေ"
သေချာကြည့်မိတော့မှဒီနေ့သူမပိုပြီးချစ်ဖို့ကောင်းနေပါလား။ အောက်ကိုနည်းနည်းငုံ့ကြည့်လိုက်တော့သူမရဲ့ရင်ဘက်ကဒီနေ့မှပိုဖောင်းလာပါလား ဒီခလေးမဖော့ခံ၀တ်လာပြန်ပြီထင်တယ် ထပ်ပြီးအသက်ရှုကျပ်အုန်းမယ်။"ဟဲ့ပြောစရာရှိတယ်ယွန်းကောင်လေးမိန်းမခိုးသွားလို့တဲ့"
"ဟေ ဘယ်လိုဖြစ်တာလည်း ဟိုနေ့ကတောင်သူတို့တွေ့သေးတယ်မဟုတ်ဘူးလား"
"အေးစိုနေ ညကယွန်းလှမ်းပြောတာအဲ့အကောင်ကခရီးသွားစရာရှိလို့စိုပြီးဖုန်းလှမ်းဆက်တာတဲ့ အဲ့ချိန်ဘေးကမိန်းမတစ်ယောက်စကားလှမ်းပြောတယ်တဲ့"
"ယုတ်မာတာမအေဘေးက အခုယွန်းကော"
"ရွှန်းရေ ထက်ရေ..ဟင့် ဗြဲ....ဟိုကောင်မိန်းမခိုးသွားပြီတဲ့ ဗြဲ....ဟင့်"
"မငိုစမ်းနဲ့အဲ့လိုကောင်အတွက်နဲ့"လို့ထက်ပြောတော့မျက်ရည်လေးဝဲတဲဝဲတဲနဲ့ ခဏလည်းကြာရော
"ဟဲ့နင်တို့သိလား ငါစဉ်းစားနေတာဟိန်းပိုင်လင်းရဲ့ရင်ဘက်မှာငါနာမည်ရယ်Anni dateရယ်ထိုးထားတာလေ အဲ့တော့သူဟိုကောင်မနဲ့လော်ကိုးတဲ့အခါကျရင် အဲ့ဒါကြီးကြည့်ပြီးဘယ်လိုဆက်လော်ကိုးမလည်း ဟားးးဟားး"
"အေးနော်အဲ့ခါအဲ့ကောင်မfeelငုတ်မှာ"
"ဟားးဟားးယွန်းကတော့လေခုနကငိုနေတာနင်မဟုတ်တဲ့အတိုင်းဘဲ"
"ထက်ကလည်းငါကတစ်နှစ်ကျော်တွဲခဲ့ပြီးမှအဲ့လိုလုပ်ခံရတော့၀မ်းနည်းတာပါ"
"ဟုတ်ပါပီ"
"ဟဲ့ရေငါလည်းနင်တို့ကိုပြောစရာရှိတယ်"ရုတ်တရက်ထပြောလာတဲ့သူမ
"ပြောလေရွှန်း"
"ငါလည်းကိုခန့်ကိုဖြတ်တော့မယ်"
"ဟမ်"
ဘာလည်းကံတရားကထက်ဘက်ကိုမျက်နှာသာပေးနေတာလား သူမရဲ့ကောင်လေးနဲ့ပျက်တော့မယ်တဲ့ ထက်သိပါတယ်သူများရီးစားနဲ့ပျက်တာကိုပျော်နေတာမကောင်းဘူးစိုတာ ဒါပေမဲ့ထက်ကြိုးစားကြည့်ချင်တယ်

YOU ARE READING
ငယ်(ရွှန်းငယ်)On Going
Teen Fiction[ကိုယ့်ချစ်ခြင်းတွေမင်းနားလည်ပါစေငယ်] 🌻အမှာစာ🌻 ဤfictionတွင်ပါ၀င်သောအကြောင်းအရာများအားလုံးသည်ဖြစ်ရပ်မှန်ဖြစ်ကိုရေးသားထားခြင်းဖြစ်သည်။နာမည်အချို့ကိုယူသုံးထားသောကြောင့်ထိုလူများကိုhtetကစိတ်မဆိုးဖို့မေတ္တာရပ်ခံပါတယ်။