Chapter 1 - နယ်စပ်ဒေသမှာနှင်းတွေဖုံး‌လွှမ်းနေသောညတစ်ည (၁) (Uni)

66 12 0
                                    

ဟွမ်းထင်း ကအဲ့ညတွင်းချင်းပဲဖုန်းနံပါတ်တစ်ခုကိုကွေးရှောင်ကိုပေးလိုက်တယ်

အဲ့ဖုန်းနံပါတ်ကလဲ ကွေးရှောင်ရဲ့ဖုန်းထဲမှာမှတ်ထားပြီးသားနံပါတ်တစ်ခုပဲ ပုံမှန်အချိန်တွေမှာအဲ့ဖုန်းနံပါတ်ကိုသွားကြည့်နေမိမှာဆိုးလို့ 'ZZZ' လို့ပြောင်းလဲပြီးမှတ်လိုက်တယ် ဖုန်းနံပါတ်တွေကိုအဲ့လိုပဲမှတ်ပြီးမေ့ထားနိုင်တဲ့သူမက တကယ်တမ်းတော့ အဲ့ဖုန်းနံပါတ်တစ်ခုကိုမြင်မြင်ချင်းပဲသူမခေါင်းထဲမှတ်မိနေတော့တာ

(၂) နှစ်ကြာပြီးနောက်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့မွန်ဂိုလီးယားအတွင်းမှာရှိတဲ့စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရဲ့ သက်တောင့်သက်သာမရှိလှသောနားနေခန်းမှာ ကွေးရှောင်ကထိုင်နေခဲ့တယ် မှန်ပြတင်းပေါက်တွေအကုန်လုံးကလဲ ရေငွေ့အချို့စီးကျတာတွေနဲ့ပြည့်နေပြီးမသန့်ဘူး ဆိုင်ရဲ့အပြင်ကိုသရုပ်ဖော်ပြရရင်တော့ ငန်းမွှေးကဲ့သို့ဖြူဖွေးပြီးနူးညံ့တဲ့နှင်းတွေကအဆက်အပြတ်ကျဆင်းနေလေရဲ့

"တခြားသူတွေကတော့ညကျရင်မိန်းမတွေကိုဖက်ထားနိုင်ပေမယ့် ငါတို့လိုလူတွေကျတော့ ကားစတီယာရင်ခွေပဲညကျရင်ဖက်ထားရမှာကွာ"

ကုန်တင်ကားမောင်းတဲ့ဒါရိုက်ဘာ၂ယောက်ကညည်းတွားနေကြတာ

"တော်တော်နှင်းထူတဲ့နေ့ပဲကွာ ခဏနေတောင်မှောင်လာတော့မယ် မောင်းရမယ့်လမ်းကတော့ကြမ်းဦးမှာပဲ"

ကွေးရှောင်ကတော့အခုနကနေရာမှာပဲထိုင်နေတာနာရီဝက်လောက်ရှိနေပေမယ့်လဲ စိတ်ရှည်ရှည်နဲ့စောင့်နေတုန်းပဲ သူမထပြီးနားနေခန်းကသစ်သားတံခါးကိုတွန်းဖွင့်ပြီး နှင်းတွေအပြည့်ဖုံးနေတဲ့အပြင်ကိုထွက်လာပြီးတစ်လှမ်းချင်းလျှောက်လာလိုက်တယ်

သူလာမှာလား?

သူမရဲ့သားမွှေးအင်္ကျီကိုသူမနှာခေါင်းနားထိရောက်အောင်အားစိုက်ပြီးဆွဲတင်လိုက်တယ်

"နင့်သူငယ်ချင်းကတကယ်ရောလာမှာတဲ့လား"

ရှောင်ခိုင်က တုန်တုန်ယင်ယင်နဲ့ ကွေးရှောင်နောက်မှာပြေးထွက်လာပြီး မေးလိုက်တယ်

The Road Home (mm translation)Where stories live. Discover now