Unicode
ကြက်တောင်လောကရဲ့နာမည်ကြီး ကိုရီးယားနိုင်ငံရဲ့လက်ရွေးစင် Kim Mingyu
Mingyu သည်2019မှစ၍ကိုရီးယားနိုင်ငံရဲ့လက်ရွေးစင်ဖြစ်လာပြီး ကြက်တောင်ရိုက်သည့်နေရာတွင် နည်းပြများထက်တောင်ပိုတော်နေသည်။
..........
"Kim Mingyu မင်းမလာသေးဘူး ပွဲစတော့မှာလေ ဘာလို့မလာသေးတာလဲ ဒီနေ့ပွဲရှိပါတယ်လို့ ငါမင်းကိုအကြိမ်ကြိမ်ပြောထားတယ်လေ"
"သိတယ် သိတယ် လာနေတာပဲလေ မနေ့ကဒီပွဲအတွက်လေ့ကျင့်တာလွန်သွားလို့ပါ"
"အပိုပြောမနေနဲ့ မင်းမနေ့ကသောက်နေမှန်း....... Mingyu မြန်မြန်လာနော် ပွဲကစတော့မှာကွ"
Park Man seoတစ်ယောက်ပြောနေရင်းနဲ့လှမ်းကြည့်မိတော့ တစ်ဖက်ကပြိုင်ဖက်အသင်း၏နည်းပြကိုတွေ့သည်မို့ အသံကိုချိုကာပြောလေသည်။
တစ်ဖက်ကအသင်းသည်လဲသူတို့အသင်း၏ကစားသမားတစ်ယောက်နောက်ကျနေသဖြင့်လှမ်းခေါ်နေသည့်အချိန်တစ်ဖက်အဖွဲ့နည်းပြကိုတွေ့လေသည်။
ပြိုင်ဖက်အသင်းရဲ့ရှေ့ ကိုယ့်အဖွဲ့ရဲ့ကစားသမားတစ်ယောက်ဒေါသပြောတာမကောင်းဘူးမလား ထိုကြောင့်မို့ စကားကိုဒေါသအသံမပါပဲ ချော့မော့ပြီး unit team၏နည်းပြကပြောလေသည်။
"Wonwoo ya ငါမင်းကိုလေ ဘယ်နှစ်ခါပြောရမလဲ ပြိုင်ပွဲရှိတဲ့နေ့ကျရင် စောစောထပါလို့"
"ထတာပဲလေ သူ့ဘာသာမနိုးတာ"
"ဘာမှမကြားချင်ဘူး မြန်မြန်သာလာခဲ့"
..........
"ကျွန်တော်ရောက်......."
Kim Mingyuတစ်ယောက်တံခါးလက်ကိုင်ကိုကိုင်၍ တံခါးဖွင့်မလို့ လုပ်ရင်း နည်းပြကိုသူရောက်ကြောင်းပြောနေသည့်အချိန် စကားကိုဆုံးအောင် မပြောနိုင်ချိန် သူ့အာရုံသည် သူတို့၏ပြိုင်ဖက်အသင်းunit team၏တံခါးရှေ့တွင် မျက်မှန်အဝိုင်းနှင့်ကောင်လေးတယောက်ကိုတွေ့လေသည်။
ထိုကောင်လေးသည် သူ့ဘက်ရှေ့ကြည့်လာသည်မို့ မျက်လုံးချင်းစုံမိသွားသည်။
ထိုကောင်လေးလဲသူ့အသင်းရဲ့သက်ဆိုင်ရာအခန်းထဲဝင်သွားပြီမို့ သူလဲသူနဲ့သက်ဆိုင်ရာအခန်း၏တံခါးဖွင့်ပြီးဝင်ခဲ့တော့သည်။