ဒီosတွင်ပါဝင်သောအကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ အပြင်လောကတွင်တကယ်မဟုတ်သောအကြောင်းအရာဖြစ်ပါသည်။
..........
"wen junhui ထွက်လာခဲ့စမ်း"
ဒီအသံဆို ဘယ်သူမှန်းပြေးကြည့်စရာတောင်မလို wen junhuiရဲ့ရန်ဖက် ဖြစ်သလို ကျောင်းရဲ့ fashion kingတစ်ယောက်ဖြစ်သည့် Xu minghaoပင်။
သူတို့နှစ်ယောက်သည် အရင်ထဲကမတည့်ပင် သူတို့နှစ်ယောက်ဖြစ်လိုက်သည့် ပြသာနာတိုင်းသည် အသေးအမွှားလေးတွေပင်။
အကြီးအကျယ်ဖြစ်တာလဲမဟုတ် သူတို့နှစ်ယောက်ဖြစ်လိုက်သည့်ရန်ပွဲတိုင်းသည် ရဲစခန်းအမြဲရောက်သဖြင့် နှစ်ဖက်မိဘတွေမှာအမြဲသွားထုတ်ရသဖြင့် ရင်းနှီးနေကြပြီဖြစ်သည်။
Wen junhuiသည် ဒီတစ်ခါဘာဖြစ်ပြန်ပြီလဲဟုသောအကြည့်ဖြစ်ကြည့်လာသည်။
"ဘာဖြစ်တာလဲကငါ့ကိုမေးရမှာမဟုတ်ပဲ မင်းလူ မင်းမေးရမှာ"
Xu minghaoပြောလိုက်တာသည် တကယ်လဲသူ့ကိုမေးရမှာမဟုတ်ပဲ ဟိုအကောင်ကိုမေးရမှာလေ ဘယ်လိုခွေးဇာတ်တွေခင်းထားလဲဆိုတာ။
"ငါ့လူဆိုတာ ဘယ်သူလဲ နာမည်လေးတော့ပြောလေ"
Wen junhui ခနဲ့သလိုပြောပေးလိုက်တော့ Xu minghao၏ မျက်လုံးတွင် ဒေါသရိပ်တစ်ခုဖြတ်ပြေးသွားသည်ကိုတွေ့လိုက်ရသည်။
"အင်း ပြောပြပေးမယ် မင်းလင်Lee seokminလေ"
Wen junhuiတောင် သူ့ကိုခနဲ့မှတော့ သူလဲပြန်ခနဲ့တာမဆန်းဘူးလေ။
ဒါတွေကြောင့်ပဲ သူတို့ခနခနရန်ဖြစ်ရခြင်းဖြစ်သည်။ တစ်ဖက်ကခနဲ့သလို ရွဲ့သလိုပြောလာရင် တစ်ဖက်ကလဲပြန်ပြီး ခနဲ့သလို ရွဲ့သလိုပြန်ပြောခြင်းကြောင့်ဖြစ်သည်။
"သူ့ကိုငါ့လင်လို့ပြောလိုက်တာလား တစ်ခြားကောင်မလေးတွေကြားရင်တော့ ရင်နာနေတော့မှာပဲ သူတို့ရဲ့crushကိုလင်ပေးစားလိုက်တယ်ဆိုတော့လေ"
တကယ်လဲဟုတ်ပါသည်။ တစ်ကျောင်းရဲ့မိန်းကလေးတဝက်လောက်သည် သူ့ကိုကြိုက်နေကြခြင်းပင်။
"ခွေးကောင် စောက်ပိုတွေပြောမနေပဲ သူ့ကိုဘာခွေးဇာတ်တွေခင်းထားလဲမေးကြည့်လိုက်စမ်းပါ"