Remember me

961 48 13
                                    

ဒီosတွင်ပါဝင်သောအကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ အပြင်လောကတွင်တကယ်မဟုတ်သောအကြောင်းအရာဖြစ်ပါသည်။

..........

Unicode Ver

အင်း သူ့ဖိတ်စာလေး ကျွန်တော့်ဆီရောက်လာတယ်။ စာလေးတစ်စောင်လဲပါတယ်။ အဲ့စာလေးထဲမှာ *လာဖြစ်အောင်လာခဲ့ပါ။ နောက်ဆုံးတစ်ခေါက်တွေ့ချင်ပါတယ်။*တဲ့

ချစ်ရတဲ့သူကခေါ်ထားတာပဲသွားရမှာပေါ့။ ချစ်ရသူပျော်ရွင်နေတဲ့ပုံရိပ်ကိုငါကမျက်ရည်စက်လက်နဲ့ကြည့်နေပေးပါ့မယ်။

ဒီနေ့ကသူ့weddingနေ့ မသွားချင်ပေမဲ့လဲ ချစ်ရသူကိုနောက်ဆုံးတစ်ခေါက်လောက်တော့‌တွေ့ချင်တာမို့သွားရမည်။

တစ်ချိန်ကကိုယ်တွဲဖူးခဲ့တဲ့လက်စုံတွင် ကိုယ့်လက်မဟုတ်သော တစ်ခြားအမျိုးသမီးတစ်ယောက်ကတွဲထားသည်။

ခန်းမတစ်ခုလုံးကဂုဏ်ပြုသံတွေနဲ့ပြည့်နေပေမဲ့ ဂုဏ်မပြုနိုင်တဲ့သူကိုပြဆို ကျွန်တော်ပဲဖြစ်လိမ့်မည်။

ထိုမြင်ကွင်းကိုကြည့်နေရင်း သူ့အမြင်အာရုံတွေဝေဝါးလာသည်။ ထိုနောက် ပါးပေါ်မှစိုစွတ်စွတ်အထိအတွေ့ကိုလဲ ခံစားလိုက်ရသည်။

ထိုမြင်ကွင်းကိုဆက်မကြည့်နိုင်တော့ပဲ ခန်းမထဲမှထထွက်လာခဲ့သည်။ ပြီးသည်နှင့် ခြေလှမ်းတို့သည် ခေါင်မိုးထပ်သို့ဦးတည်လိုက်သည်။

ခေါင်မိုးထပ်သို့ရောက်သည်နှင့်တစ်ယောက်သောသူကိုစောင့်နေလိုက်သည်။လာမလား မလာလားမသိပေမဲ့ မိုက်ရူးဆန်စွာစောင့်နေမိသည်။

ခနအကြာတွင် တံခါးဖွင့်သံကြားလို့ လှည့်ကြည့်မိတော့ မျှော်နေခဲ့သောသူဖြစ်သည်။

"ဘာလို့အဲ့လိုထွက်သွားတာလဲ Hannie"

ရွဲ့ပြီးများသူ့ကိုမေးလိုက်လေသလား

"ချစ်ရတဲ့သူကငါမဟုတ်တဲ့တခြားတစ်ယောက်နဲ့လက်ထပ်နေတဲ့မြင်ကွင်းကိုဘယ်သူကများကြည့်နေနိုင်မှာလဲ cheolရယ်"

"ကိုယ်တောင်းပန်ပါတယ် Hannie"

သူ့ရဲ့ချစ်ရသောအမျိုးသားလေးသည် သူလဲမမှားပဲအမြဲတောင်းပန်တက်သည်။

Seventeen One Shots Collection Where stories live. Discover now