"ဂျေး ပတ်ဂျေး ထတော့"နှာဖျားထိပ်ကိုထိတွေ့မှုနဲ့အတူ ဂျေးတစ်ယောက်အိပ်မောကျနေရာကနိုးလာတယ်။လိုက်ကာတွေကာထားတဲ့အခန်းထဲမှာ ကန့်လန့်ကာတွေကြားက နေရောင်ခြည်ပြောက်ဟာ နွေးနွေးထွေးထွေး။အိပ်ယာနိုးတာနဲ့ ခြေဆန့်လက်ဆန့်ရှိလှတဲ့ဂျေးက အခုတော့ နေရောင်နွေးနွေးကျရောက်နေတဲ့ ဟီဆွန်းမျက်နှာကိုငေးကြည့်နေမိတယ်။
ကုတင်အောက်မှာဒူးထောက်ထိုင်လို့ ဂျေးမျက်နှာကိုတတိတိတို့ရင်း အိပ်ယာနှိုးနေတဲ့ဟီဆွန်းရဲ့မျက်လုံးလေးတွေဟာမှိတ်တုတ်မှိတ်တုတ်။အိပ်ယာနိုးခါစဂျေးရဲ့ဦးနှောက်က ချက်ချင်းအလုပ်မလုပ်နိုင်သေးပဲ ခန္ဓာကိုယ်ကိုစောင်းလို့ ဟီဆွန်းကိုပြုံးပြုံးကြီးငေးကြည့်နေမိတယ်။
"နိုးပီလား"
"အင်း ဟျောင်း..ကောင်းကောင်းအိပ်ခဲ့လား"
"သရဲတွေကမအိပ်ကြဘူးလေ"
ဟုတ်သားပဲ။မိနစ်အနည်းငယ်ကြာမှသတိဝင်လာတဲ့ ဂျေးကအိပ်ယာပေါ်ငေါက်ခနဲထထိုင်တယ်။ကုတင်အောက်မှာဒူးထောက်ထိုင်နေဆဲဟီဆွန်းက နှုတ်ခမ်းလေးတွေအသာစိလို့ဂျေးကိုလိုက်ကြည့်တယ်။
"ခင်ဗျားရူးနေလား ဘာလို့မျက်နှာကိုလာထိတာလဲ"
"မင်းမနိုးမှာစိုးလို့လေကွာ"
"အဲ့လိုဆိုရင်တောင် ပါးစပ်နဲ့နှိုးပါ့လား"
"သရဲခြောက်တယ်ဆိုပီးလန့်သွားမှာစိုးလို့"
စပ်ဖြဲဖြဲလုပ်နေတဲ့ဟီဆွန်းကို မျက်စောင်းထိုးလိုက်ပီး ဂျေးကကုတင်ပေါ်ကထတယ်။ပြိုင်မငြင်းချင်တော့တာကြောင့် ရေမိုးချိုးပြင်ဆင်ဖို့ရေချိုးခန်းကိုဦးတည်သွားရတယ်။မနက်စာစားသောက်ပီးရင် အရိုးပြာရှာဖို့ဆိုးလ်တစ်မြို့လုံးခြေတိုအောင်လျှောက်သွားရအုန်းမယ်လေ။
အီဟီဆွန်းဆိုတဲ့လူကတော်တော်ကိုအလုပ်ရှုပ်တဲ့လူဆိုပီး ဂျေးကညစ်ကျယ်ကျယ်တွေးပစ်လိုက်တယ်။
ရေမိုးချိုးမနက်စာစားသောက်ပီးတော့ ဂျေးနဲ့ဟီဆွန်းက အိမ်အပြင်ထွက်တယ်။ဘယ်ကနေဘယ်လိုစသွားရမှန်းမသိတာကြောင့် အရင်ဆုံးဂျေးတို့က ဟီဆွန်းနာမည်ကတ်ပြားမှာပါတဲ့ဆေးရုံကိုသွားဖို့စဉ်းစားမိကြတယ်။