အချိန်ကြာလာတာနဲ့အမျှ ဂျေးဟာဟီဆွန်းအနားမှာနေသားကျလာတယ်။တစ်ယောက်တည်းပိုင်ဆိုင်ထားရတဲ့ဖြစ်တည်မှုလိုမျိုးတွေးမိတော့ အလကားနေရင်းဂျေးက မာန်တက်ချင်လာသလို။
လူသူရှုပ်ယှက်ခတ်နေတဲ့လမ်းမထက်မှာ ဟီဆွန်းလက်ကို အိတ်ကပ်ထဲထည့်လို့ခိုးတွဲရင်း ပြုံးပြုံးကြီးလျှောက်သွားရတာကိုနေသားကျလာတယ်။အိပ်ယာနိုးလို့ မျက်လုံးနှစ်လုံးဖွင့်ဖွင့်ချင်း မေးထောက်ကြည့်နေတဲ့ဟီဆွန်းမျက်နှာကိုမြင်ရတာ နေသားကျလာတယ်။စိတ်ဆိုးလို့ ပစ္စည်းတွေနဲ့ကောက်ပေါက်တိုင်း ကြမ်းပြင်ပေါ်ကျသွားတတ်တဲ့ပစ္စည်းတွေကိုမြင်ရတာ နေသားကျလာတယ်။
ဆံနွယ်တွေကိုပွတ်သပ်ပေးတတ်တဲ့လက်အေးအေးတစ်စုံ၊ညဘက်တိုင်းကောင်းကင်ကြီးကိုငေးမောကြည့်နေတတ်တဲ့မျက်ဝန်းတစ်စုံ။အီဟီဆွန်းအကြောင်းတွေးမိလိုက်တိုင်း ဂျေးကအတ္တတကြီးအနားမှာခေါ်ထားပစ်ချင်တယ် တစ်သက်လုံးစာပေါ့။
"ဟျောင်း ကျွန်တော်တော့မဖြစ်တော့ဘူးထင်တယ်"
"မင်းစလာပြန်ပီလားပတ်ဂျေး"
"ဟျောင်းကလဲ~~~ချစ်တာအမှားလား ချစ်တာအမှားလားလို့ ဟျောင်းကိုချစ်လွန်းလို့မဖြစ်တော့ဘူးလို့ထင်တာအမှားလားလို့"
"မင်းကတော့..."
စိတ်ပေါက်လာတိုင်း ခပ်ဆိုးဆိုးချွဲနေကျကြောင်လေးကို ဟီဆွန်းက တပြုံးပြုံးနဲ့ပွတ်သပ်ပေးတယ်။
ဘာမှမရှိတော့တဲ့ ဘဝထဲကြွေကျလာတဲ့ကြယ်လေးလိုဂျေးကို ကြည့်မိတိုင်း ဟီဆွန်းကအချစ်ပိုရတယ်။အဆုံးရောအစရောရှာမရတဲ့ဟီဆွန်းရဲ့ကမ္ဘာကြီးထဲမှာ ပတ်ဂျေးကလွဲပီးမရှိတာမလို့ ဖြစ်နိုင်ရင်ဟီဆွန်းကဒီလိုလေးပဲနေသွားချင်တယ် ဖြစ်နိုင်တယ်ဆိုရင်ပေါ့။
...
"ဂျေး ကိုယ်တို့ဆေးရုံနဲ့ အရိုးပြာစင်တာကိုထပ်သွားကြည့်မလား"
ဂျေးကဒီရက်ပိုင်းတွေ ဆက်တိုက်ဆိုသလို အိပ်မက်ဆိုးမက်တယ်။ချွေးသံတလုံးလုံးနဲ့လန့်နိုးလာရတဲ့ ဂျေးကိုမြင်တော့ ဟီဆွန်းက စိတ်မကောင်း။ဒီလိုလန့်နိုးလာတိုင်း ပျာယာခတ်နေတဲ့မျက်လုံးတွေနဲ့ဂျေးက ဟီဆွန်းကို အတင်းအကြပ်ဆွဲဖက်ပီး အိပ်မက်အကြောင်းပြောပြတတ်တယ်။