"မင်းအသက်ဘယ်လောက်ရှိပြီလဲ"
ကျွန်တော့်ဦးလေးကအကို့အားရုတ်တရက်အသက်မေးလိုက်သဖြင့်
"ကျွန်တော့်ကိုမေးတာလား"
"မင်းကိုမမေးလို့ငါ့တူကိုမေးရမှာလား"
"24 ပြည့်တော့မယ်"
"တော်တော်ငယ်သေးတာပဲ မင်းငါ့တူအပေါ်အရမ်းကြမ်းတယ်ဆို"
"ဗျာ ဘာကြမ်းတာလဲ"
"တချိန်လုံးငါ့တူကိုစီနီယာအားကိုးနဲ့အာဏာပြနေတာဆို"
"မဟုတ်ပါဘူး အဲ့ဒါကလေ......"
"ဦးလေး အပြန်ကားမမှီပဲနေဦးမယ် ပြန်တော့လေnoeulစျေးလိုက်ဝယ်ပေးမယ်"
"အေးသွားကြတာပေါ့"
"အကိုကဘယ်ကိုလိုက်မှာလဲ"
"အကိုလည်းစျေးလိုက်ဝယ်မလို့လေ"
"ပေးအိတ် ကျွန်တော့်ဘာသာလွယ်မယ်"
"ရတယ် အကိုပဲလွယ်ခဲ့မယ်"
"မြန်မြန်လာလေဘာလုပ်နေတာလည်း ကားနောက်ကြမယ်"
"ဟုတ် ဟုတ်ဦးလေးလာပါပြီ"
ကျွန်တော်တို့စျေးဝယ်ပြီးဦးလေးကိုကားပေါ်တင်ပေးခဲ့ကာအပြန်
"မင်းဘယ်သွားစရာရှိသေးလည်း"
"မရှိတော့ပါဘူး ခုပဲအဆောင်ပြန်တော့မလို့လေ"
"ငါ့ကိုထမင်းလိုက်ဝယ်ကျွေး ငါဒီနေ့မင်းတို့နောက်လိုက်ပေးထားတာလေ"
"အကို့ကိုဘယ်သူကလိုက်ခိုင်းလို့လည်း အကို့ဘာသာလိုက်လာပြီးအကို့ဘာသာပဲပစ္စည်းတွေအတင်းသယ်ပေးတာလေ"
"တွေ့လား ကလေးဆိုးလေးကျေးဇူးကိုမတင်တတ်တာ"
"ကဲပါ ကျွန်တော်လည်းဗိုက်ဆာနေပြီဆိုတော့ တစ်ခုခုသွားစားရအောင် "
"ဟွန့်စေတနာမပါပဲနဲ့များ"
" ဒါဆိုလည်းမလိုက်နဲ့ပေါ့ ပေးကျွန်တော့်အိတ် သွားတော့မယ်"
"ဘယ်သူကမလိုက်ဘူးပြောနေလို့လည်း သွားမယ် ဒီနားကဆိုင်ကောင်းကောင်းတစ်ခုသိထားတယ်"
YOU ARE READING
Bad Roommate But Good Boyfriend
Romanceကျွန်တော်နောက်သို့လဲကျသွားပြီထင်ခဲ့တာတစ်စံုတစ်ယောက်ကကျွန်တော့်ကိုလှမ်းထိန်းရင်းကျွန်တော်တို့နှစ်ယောက်လုံးမြေပေါ်သို့လဲကျသွားခဲ့ပြီး နှုတ်ခမ်းချင်းထိမိသွားကာကျွန်တော့်အောက်ကသူကချက်ချင်းမျက်နှာကိုတစ်ဖက်လှည့်လိုက်တော့ကျွန်တော်ကသူရဲ့ပါးကိုထပ်နမ်းမိလို...