P_3

164 12 0
                                    

"မင်းလားငါနဲ့အခန်းအတူတူမျှသံုးမယ့်ကလေးဆိုတာ"

"ဟင်​ ဒါဆိုခင်ဗျားကဒီအခန်းရဲ့ပေတိပေစုတ်အဲမှားလို့ စီနီယာဆိုတာလား"

"မင်းငါ့အခန်းမှာနေရင်တော့ငါ့စည်းကမ်းတွေကိုလိုက်နာရမှာပဲ"

"ခင်ဗျားလိုလူကစည်းကမ်းတွေဘာတွေပြောလို့ဒီမှာခင်ဗျား..."​ကျွန်တော်စကားမဆံုးလိုက်ခင်
မှာပဲကျွန်တော့်ကိုအိပ်ယာပေါ်သို့တွန်းလှဲလိုက်ပြီးလက်နှစ်ဖက်ကိုသူ့အားကြီးနဲ့ဖိထားကာ

"ခင်ဗျားဘာလုပ်တာလည်းဖယ်ပေး"

"​ခင်ဗျားခင်ဗျားနဲ့ငါကမင်းထက်အကြီးနော်"

"​အဲ့တော့ဘာဖြစ်လည်း ဖယ်ပေးပါးစပ်နဲ့ပဲပြောလက်မပါနဲ့"

"​မင်းလိုအရိုင်းအစိုင်းလေးကိုပါးစပ်နဲ့ပြောလို့မရဘူးလေ အဲ့တော့"

သူကျွန်တော့်မျက်နှာနားကိုတဖြည်းဖြည်းချင်းနီးကပ်လာလေသည်

"ခင်ဗျားကိုကျွန်တော်ကဘယ်လိုခေါ်ရမှာလဲခင်ဗျားနာမည်မှမသိတာကို"

"​သိစရာမလိုဘူး ငါကမင်းထက်လည်းကြီးတော့"

"​ခင်ဗျားဘယ်ကိုကြည့်နေတာလည်း"

"မင်းဗလလေးကသေးသေးလေးနဲ့လေအာကြောင့်ငါ့ကိုရုန်းနိုင်မှာမှမဟုတ်တာ အကို​လို့ခေါ်"

"မခေါ်နိုင်ပါဘူး ခင်ဗျားနာမည်ပြော"

"ရတယ်လေမင်းပဲခေါင်းမာနိုင်မလား ငါကပဲပြောနိုင်အောင်လုပ်နိုင်မလားဆိုတာ"

တဖြည်းဖြည်းနဲ့ကျွန်တော့်ရဲ့နှာခေါင်းနဲ့သူ့ရဲ့နှာခေါင်းထိမိသွားကာအသက်ရှူသံများပင်ကြားနေရသည် ကျွန်တော်ချွေးစေးများပျံလာ၍
သူကျွန်တော့်နမ်းတော့မည်ဖြစ်သည်

"​ခေါ်​ ခေါ်မယ် အကို"

" ဒီလိုမှပေါ့ သောက်ကလေးလေး"

"​ဖယ်တော့ကျွန်တော့်အပေါ်က" နှလုံးများပေါက်ထွက်မတတ်ပဲတစ်ခါမှမဖြစ်ဖူးတဲ့အရာကြီးရင်ထဲမှာတစ်မျိုးကြီးပဲ

"ငါ​ပြောမယ်​ ငါ့အခန်းမှာနေမယ်ဆိုလက်ဆော့ခြေဆော့မကြိုက်ဘူး ဟောက်တာလည်းမကြိုက်ဘူး ငါ့အခန်းကိုဘယ်သူမှခေါ်လာတာမကြိုက်ဘူး ကျောင်းမှာတွေ့ရင်လည်းမင်းငါ့အဆောင်မှာနေနေကြောင်းသူများကိုလိုက်ပြောပြစရာလည်းမလိုဘူး ဘာလို့လည်းဆိုတော့မင်းလိုကလေးမျိုးနဲ့နေ နေတယ်ဆိုတာသာသိရင်ငါ့ရဲ့ဆော်လေးတွေသိရင်ငါသိက္ခာကျမှာဆိုးတယ် လောလောဆယ်တော့ဒီလောက်ပါပဲ ကျန်တာဖြေးဖြေးချင်းပေါ့ ငါအခုရေချိုးဦးမယ်"

Bad  Roommate But  Good BoyfriendDonde viven las historias. Descúbrelo ahora