P__4

151 9 0
                                    

"လာထိုင်လေNoeul"

အကိုကရစ်ကစကားစလိုက်တာမို့ကျွန်တော်ဝင်ထိုင်လိုက်တယ်

"မတွေ့တာတောင်ကြာပြီနော်ကျောင်းမှာလည်းအကိုကသိပ်မအားတော့မတွေ့ဖြစ်ဘူးရယ်  စာတွေလိုက်နိုင်ရဲ့လား"​

"ဟုတ်လိုက်နိုင်ပါတယ်ခင်ဗျ"​

"မလိုက်နိုင်တာရှိရင်အကိုတို့ကိုပြောနော်"​

"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကိုကရစ်"​

"အမယ်ဟုတ်သားမင်းအခန်းဖော်က  အားးး"​

"ဘာဖြစ်တာလည်းအကိုကရစ်"

တစ်ဝိုင်းလုံးကအကြည့်တွေကအကိုကရစ်ဆီအော်သံဆီရောက်သွားကြသည်

"​ဘာမှမဖြစ်ပါဘူးယိုယို  ဟိုအကို့ခြေထောက်ဒီကောင်Bossလေတက်နင်းထားတာမို့"

ကျွန်တော်မြင်လိုက်သည်မှာမမှားချေ  ဟိုပေတိပေစုတ်စီနီယာက  သူ့အခန်းဖော်ကျွန်တော်ဆိုတာကိုတခြားသူသိစေချင်ပံုမပေါ်လို့အကိုကရစ်ခြေထောက်ကိုတက်နင်းပြီးသတိပေးလိုက်ပံုရသည်

ယိုယိုကအိမ်ပြန်ရမှာမို့အစောကြီးပြန်သွားသည်
ဖိုင်နဲ့ဒီအိုကတော့ပုလင်းကိုင်ပြီးကနေဆဲကျန်တဲ့အကိုများကလည်းသူ့အရှိန်နဲ့သူမို့ကျွန်တော်တစ်ယောက်တည်းပေါ့
မျက်စိထဲဝင်ဝင်လာတဲ့မြင်ကွင်းကတော့ ဟိုပေတိပေစုတ်စီနီယာက  တစ်ခြားဝိုင်းမှာကောင်မလေးတစ်အုပ်နဲ့မျက်နှာကြီးပြံုးဖီးလို့သောက်နေပျော်နေလေရဲ့

"အားးမရတော့ဘူးအိပ်ချင်နေပြီ"​

မင်းတို့ကလည်းအများကြီးမသောက်ပါနဲ့ဆို

ငါလည်းမင်းတို့ကိုပြန်လိုက်မပို့နိုင်ဘူးအဆောင်ပိတ်တော့မှာမို့

"ဒီငဒူကောင်တော့အလကားစားရမယ်သောက်ရမယ်ဆိုရှေ့ဆံုးကမျိုချင်တာ  သောက်လည်းမသောက်နိုင်ပဲနဲ့​  ငါခေါ်သွားလိုက်မယ်  Noeul  မင်းအဆင်ပြေပါ့မလားတစ်ယောက်တည်းပြန်လို့"​

ရပါတယ်ငါမမူးပါဘူး   ဖို​င့်ကိုသာသေချာဂရုစိုက်ခေါ်သွားပေးလိုက်ဦးသူ့အိတ်ထဲမှာသူ့အဆောင်သော့က

Bad  Roommate But  Good BoyfriendTempat cerita menjadi hidup. Temukan sekarang