P__2

321 11 0
                                    

တီတီတီတီ(alarm မြည်သံ)  ဒီနေ့ကျောင်းအဆောင်ပြောင်းရမှာမို့စောစောထပြီးပြင်ဆင်နေလိုက်တယ်ခဏကြာတော့​ ကျွန်တော့်အချစ်ဆုံးကြီးတွေရောက်လာကြပါပြီ

"​ငါကားနဲ့ပဲတင်   မင်းပစ္စည်းတွေကသိပ်မများဘူးမလား"

"​အေးမင်းတွေ့တဲ့အတိုင်းပဲလေဒီလောက်လေးပဲ"ဒီအိုကကားယူလာတာမို့ကျွန်တော်လည်းဘာမှထပ်ပြောမနေတော့ပဲသူ့ကားနဲ့ပဲသယ်လိုက်တော့တယ်

"ယိုယို က​ကျောင်းမှာစောင့်နေမယ်တဲ့   ပြီးရင်တစ်ခုခုသွားစားကြတာပေါ့"

"ဟျောင့် ဖိုင်မင်းကလည်းစကားအတော်များတာပစ္စည်းတွေကူသယ်စမ်း"

"​ငါ​သယ်နေတယ်လေမင်းမမြင်ဘူးလား​ သူတောင်းစားရဲ့"

"မင်းငါ့ကိုဆဲလိုက်တာလား​ လာစမ်းမင်းတော့"

"မင်းတို့ကလည်းကွာရန်ဖြစ်မနေကြနဲ့  ပေးပေးငါပဲယူသွားတော့မယ်​ လာလာ  အဲ့နားကပန်းအိုးလေးသေချာသယ်ခဲ့  ကွဲမယ်နော်   အရေးကြီးတယ်"

"​ေဟျာင့်ခုထိဒီပန်းအိုးလေးကရှိနေသေးတာလား"

"​အေးအဲ့တာအမေချန်ထားပေးခဲ့တဲ့နောက်ဆုံးပစ္စည်းလေးလေ​ကွာ"

"​မင်းကားကလည်းစုတ်လိုက်တာအဲကွန်းလေးဘာလေးမဖွင့်ဘူးလား"

"​မင်းကိုဘယ်သူစီးခိုင်းလို့လဲ ဆင်းဆင်း"

"​မင်းတို့ကောင်တွေကလည်းကွာ  မောရတဲ့အထဲ  ကိုက်မနေကြနဲ့တော့"

"ဒီကောင်အရင်စကိုက်တာလေ​  ငါ့ကားလည်းစီးသေးတယ်"

"​ဟျောင့် မင်းကားကအစုတ်မို့အစုတ်လို့ပြောတာလေ​ "

"​မင်း​တော့​...... "

" တော်ပြီငါဆင်းတော့မယ်မင်းတို့နှစ်ကောင်ဆက်ကိုက်ကြ"

"​သွားမယ်ခါးပတ်ပတ်ဟိုမအေဘေးကောင် "

" ဟွန်း"

" ဟျောင့်ပတ်လေကွာ"

"​မင်းအဖေလမ်းတွေကိုမောင်းရမှာမဟုတ်ဘူး"

"​ပစ္စည်းသယ်ရတာလက်ညောင်းနေလို့မပတ်တော့ဘူးကွာ   ဘာမှမဖြစ်ဘူး  သောက်ပိုတွေ  ခါတိုင်းမင်းမူးပြီးတောင်မောင်းသေးတာပဲ  ခုမှ​   ဟျောင့်ဘာလုပ်တာလဲ"

Bad  Roommate But  Good BoyfriendDove le storie prendono vita. Scoprilo ora