Chapter-1

48 8 0
                                    

[ Original's Reminder before reading : ဒီလိုဇာတ်လမ်းမျိုးကို လာဖတ်တဲ့အချိန်ကြရင် သိပ်ပြီးအလေးအနက်မဖြစ်ကြပါနဲ့။ လက်တွေ့ကျတာတို့ ၊ ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ် ၊ ကျွမ်းကျင်ပိုင်နိုင်လို့ဖြစ်ဖြစ်ပါ။ အကယ်၍များ အဲ့လိုနဲ့ အရမ်းမြင့်တဲ့စံနှုန်းတွေ ရှိတယ်ဆိုရင်တော့ ; ကမ္ဘာပေါ်က ဒီ့ထက်ကောင်းတဲ့ ဇာတ်လမ်းတွေကို သွားဖတ်ကြဖို့ပဲ အကြံပြုချင်ပါတယ်။ ဒီဇာတ်လမ်းကိုဖတ်ကြပြီဆိုရင် ကမ္ဘာကြီးကိုကယ်တင်ချင်တာတွေ ဘာတွေကို ခေါက်ထားလိုက်ပါ။ စိတ်ကိုရှင်းရှင်းထားပြီး ပျော်စရာကောင်းစွာနဲ့ ဖတ်ဖို့ အကြံပြုချင်ပါတယ်။ တစ်နည်းအားဖြင့် ; ဒီနေရာမှာရပ်လိုက်ဖို့ အကြံပြုချင်တာပါ]

ကျွန်တော့်မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါမှာ ဘေးပတ်ပတ်လည်မှာ အဖြူရောင်တွေချည်းပဲ။ ကျွန်တော့်စိတ်ကလည်း ပတ်ဝန်းကျင်လို ဗလာသက်သက်ကြီးဖြစ်နေခဲ့တယ်။

ကျွန်တော့်ကိုယ်ကျွန်တော် တပ်သားဆိုတာကလွဲ ကျွန်တော့်နာမည်ကိုတောင် ဘာမှန်းမမှတ်မိတော့ဘူး။

နောက်တော့ အဖြူစွတ်စွတ်ဝတ်ထားတဲ့အမျိုးသမီးက ကျွန်တော်နိုးလာတာကိုမြင်တော့ ဝမ်းသာအားရနဲ့ နောက်ထပ် အဖြူရောင်ဝတ်ထားတဲ့အုပ်စုလိုက်ကြီးကို ထပ်ပြီးခေါ်လာတယ်။

ကျွန်တော့်မျက်လုံးတွေကို သေချာဖွင့်ပြီးတော့ ခဏလောက်ကြည့်လိုက်တယ်။ ကြည့်ရတာ ဒီလိုမြင်ကွင်းမျိုးက ကျွန်တော့်စိတ်ထဲမှာ ရင်းနှီးနေသလိုပဲ။

ကျွန်တော်က ဆေးရုံမှာ။

ဆရာဝန်တွေက ကျွန်တော့်ရဲ့ ဘယ်ရောညာမှာပါ ရပ်နေပြီး ကျွန်တော့်ရဲ့မျက်လုံးတွေထဲကို ဓာတ်မီးနဲ့ထိုးနေတယ်။ ပြီးတော့ သူတို့ရဲ့ လက်ချောင်းတွေကိုထောင်ပြီး ဘယ်နှစ်ချောင်းလဲလို့ ထပ်မေးတယ်။

အသက်ကြီးကြီးနဲ့ဆရာဝန်ကြီးတွေ ကျွန်တော့်ကို မေးလာတာက "မင်းဘယ်သူလဲဆိုတာ မှတ်မိလား?"

ကျွန်တော်ခေါင်းခါလိုက်တော့ ကျွန်တော့်လည်တိုင်တွေက တောင့်‌တင်းနေတာပဲ။
"ကျွန်တော်မသိဘူး"

ဆရာဝန်အိုကြီးက ဘေးကဆရာဝန်နဲ့ စကားတွေအများကြီး ဆက်ပြောပေမယ့် ကျွန်တော်နားလည်လိုက်တာက ဒီစာလုံး‌တွေပဲ။
"နောက်ဆက်တွဲ-ဆိုးကျိုးတွေ"

The Blind Date is So Gentle Where stories live. Discover now