4 U/Z

2.8K 62 0
                                    

"မောင်"

မြတ်နိုးခဲ့ရပါသော မောင် ကားလေး ပြန်ထွက်သွားလေမှ ဆူး အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်လေသည်။ မောင့် အရှေ့မှာ တင်းခံထားသမျှ မျက်ဝန်းမှ မျက်ရည်စတစ်ချို့ဟာလည်း  ပါးပြင်ပေါ်လွှင့်စင်ကျလာခဲ့ရလေသည်။

သူမ စိတ်တွေ မည်သို့ပင် တင်းထားပါစေ မောင့် မျက်နှာချောချောကို မြင်တွေ့ရစဥ်မှာ ရင်အစုံက နာကျင်ရစမြဲ ဖြစ်သည်။

"ဆူး ပြန်ရောက်ပြီလား"

"အင်း"

တစ်ခွန်းတည်းသာ ဆိုပြီး ဆူး ဆိုဖာပေါ် လျော့ရဲရဲ ထိုင်ချလိုက်မိလေသည်။ ဆူး ကို အဂ္ဂါ ပြန်လိုက်ပို့သည့်ကို သိလေသော

"နင့်စိတ်ထဲမှာ သူ့နဲ့ ပတ်သတ်တဲ့ စိတ်ခံစားချက်မရှိတော့ဘူးလား ဆူး"

ကြည်ပြာအမေးကြောင့် ဆူး မျက်ဝန်းတွေ ရီဝေစွာ အဝေးကို ကြည့်နေမိလေသည်။ ပြီးမှသက်မနွေးနွေးကို ရှိုက်ရင်း

"ငါ့ ရင်ထဲမှာ သူ့နဲ့ ပတ်သတ်တဲ့ စိတ်ခံစားချက်တွေ အဆုံးသတ်ခဲ့တာ  နှစ် 20 ရှိခဲ့ပြီမို့ အခုချိန်မှာ ငါ့ရင်ထဲမှာ သူ့နဲ့ပတ်သတ်တဲ့ ခံစားချက်ရှိမနေတော့တာတော့ အမှန်ပဲ ကြည်ပြာ"

အရာရာအားလုံးက သူမ အတွက် တိတ်ဆိတ်သွားတာလား။ သူမကပဲ အချစ်ဆိုသည့် အရာကြောင့် ရင့်ကျက်သွားလေသလား ကြည်ပြာ မတွေးတတ်အောင် ဖြစ်ရလေသည်။

တစ်ယောက်က အနှစ် ၂၀လုံး ကျောခိုင်းနိုင်ခဲ့သော်လည်း တစ်ယောက်ကတော့  အပြစ်ရှိသူတစ်ဦးသဖွယ် တမြေ့မြေ့နာကျင်ခံစားရင်း ကျန်ရစ်ခဲ့ရသည့် မဟုတ်လား။

ရင်မောပါတယ်။ လူသားနှစ်ဦး၏ အချစ်တို့သည့် ခိုင်မြဲနေသော်လည်း နှလုံးသားခြင်း နီးနေသလောက် လူချင်းတော့ ဝေးနေကြသေးသည့် မဟုတ်လား။
                   🔰🔰🔰

မြေပြန့်လမ်းတွေမှာ ညကြီးသန်းခေါင် မိန်းမသားတစ်ဦး လသားအရွယ် ကလေးငယ်လေးကို ရင်ခွင်ပိုက်ကာ ပြေးလွှားနေလေသည်။ သူမကတော့ အခြားသူ မဟုတ်ပေ။ မဏိရတနာစံအိမ်ရဲ့ သခင်မလေး ဆူးပန်းရိပ် ဖြစ်သည်။

"မလွှတ်စေနဲ့ အဲ့မိန်းမကို"

နောက်ပါးမှ ဟိန်းထွက်လာသော အသံက ဝဏ္ဏကျော်၏ အသံဖြစ်သည်။

ကြည်ဖြူမေတ္တာWhere stories live. Discover now