5 U/Z

2.9K 73 1
                                    

ဟိုအရင် သားဖနှစ်ဦး နေခဲ့သည့် အိမ်ကလေးက အခုတော့ ခြောက်ကပ်၍ နေလေသည်။ ခြောက်ကပ်နေသော အိမ်ကလေးကို အဂ္ဂါ တစ်ချက်ဝေ့ကြည့်ပြီး သက်ပြင်းကို ရှိုက်လိုက်မိလေသည်။

ရင်ထဲမှာ မွန်းကျပ်တင်းကြပ်နေမှုကြီးက သူမ နှင့် ပြန်တွေ့ပြီး ချိန်မှ ပို၍ တင်းကြပ်လာမှုကြီးက ရင်ဘက်ထဲမှာ ဆို့နင့်လာခဲ့ရလေသည်။

"မ  ကျွန်တော်ရင်ထဲက ချစ်ရပါသော မ"

မတွေ့ရသည့် နှစ်တွေများစွာမှာ မ ၏ ရင့်ကျက်တည်ငြိမ်မှုက အများနှင့်မတူ တမူထူးခြားနေလေသည်။ အရင်လို မဟုတ်တော့လေဘဲ အသက်အရွယ်ပိုင်း အရ ရင့်ကျက်လာလေသလား။ 

တည်ငြိမ်မှုတွေ အပြင် သူမ မျက်ဝန်းတွေထဲမှ နာကျင်မှုကို အထင်းသား သူ့ တွေ့မြင်နေရလေသည်။

ဟိုအရင် သတိရတိုင်း ဝင်နေသည့် သူမ ပန်းချီတွေထားသည့် အခန်းလေးထဲကို သူ့ ဝင်လာခဲ့လိုက်လေသည်။

ပိတ်လှောင်ထားသည့် အခန်းလေးထဲကို ဝင်ခဲ့ပြီး အခန်းပြတင်းပေါက် လိုက်ကာတွေကို ဆွဲဖွင့်လိုက်မိလေသည်။ မှောင်ပိတ်နေသည့် အခန်းလေးက အလင်းရောင် တစ်ချို့တိုးဝင်လာကာ ပိတ်ဖြူအုပ်ထားသော ပန်းချီကားလေးကို သူ့ ဆွဲဖွင့်လိုက်လေသည်။ 

ပန်းချီကားလေးကို ဖွင့်ကြည့်မှ သူ့ရင်ထဲ အတော်ဆွေးသွားလေသည်။

"မောင်❤️ ချစ်ရပါသော မ❤️  ချစ်ရပါသော သား"

၃ဦး ပုံတူပန်းချီလေးက  သူတို့မိသားစု သုံးဦးကို ပုံဖော်ထားသည့် ပုံလေး ဖြစ်သည်။
အခုတော့ သူ့ဘဝက လမ်းပျောက်သူတစ်ဦး ဖြစ်၍ နေခဲ့လေသည်။ 

သားကလည်း ဘယ်ဆီအရပ်ကို ရောက်နေပြီသလဲ။ ချစ်ရပါသော ဇနီးငယ်ကရော အမုန်းဒဏ်သင့်မြှားတွေ ပစ်ခွင်းနေပြန်ပါပြီ။ ခံနိုင်ရည် အင်အားတွေလည်း ကုန်ဆုံးနေပြီမို့ သူ့ လဲပြိုချင်နေပြီ ဖြစ်သည်။

ဟူး~~~~။

လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ခါးကို ထောက်ကာ အသက်ကို ဝဝရှုပစ်လိုက်သူက အဂ္ဂါ ဖြစ်သည်။ ခံစားရသမျှကို အရင်လို အရက်နှ့ ဖြေဖျောက်ရအောင်လည်း ငယ်တော့သည့် အသက်အရွယ် မဟုတ်ပြန်။

ကြည်ဖြူမေတ္တာWhere stories live. Discover now