9 U/Z

3.5K 81 1
                                    

"လူနာက အသက်မရှိတော့ဘူး၊ လူနာရဲ့ နောက်ဆုံးဆန္ဒအရ သူ့ခန္ဓာကိုယ့်ကို လှူခဲ့တဲ့အတွက် အမြန်ဆုံးခွဲစိတ်ပြီး လိုအပ်နေတဲ့ လူနာတွေအတွက် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ချို့ ထုတ်ယူရအောင် မိန်းကလေးလက်မှတ်ထိုးပေးပါ"

"ဟုတ်ကဲ့"

ညိုစိမ့်မျက်ရည်တွေ ခပ်ကြမ်းကြမ်းသုတ်ရင်း လက်မှတ်ထိုးပေးလိုက်လေသည်။ ဒါက ကိုကိုကြီးရဲ့ နောက်ဆုံးဆန္ဒဖြစ်နေသည့်မို့ သူမ ခေါင်းညိမ့်ရုံသာ ရှိလေတော့သည်။

သူမ ထံမှ လက်မှတ်ယူပြီး လှည့်ထွက်သွားသော ဆရာဝန်များ နောက်တွင်တော့ ပိုင်စေစားနှင့် ဆူးပန်းရိပ် သူမ အနားရောက်လာခဲ့ကြလေသည်။

"သမီး အားငယ်နေတာလား"

ချိုသာ နူးညံ့သော အန်တီတစ်ယောက်ရဲ့ စကားကို ကြားလေမှ သူမ မျက်ရည်တွေ အဆက်မပြတ်စီးကျလာရလေသည်။ လောကကြီးမှာ ပြေးကြည့်မှ မောင်နှမ နှစ်ဦးသာ ရှိခဲ့သည့် မဟုတ်လား။ အခုလို ကိုကိုကြီး မရှိတော့လေတော့ သူမ မည့်သူကို အားကိုးရမည်နည်း။

ရှိုက်သံတစ်ဝက်နှင့် ထိုမိန်းကလေးကို ဆူး သနားဂရုဏာသက်စွာဖြင့် ပွေ့ဖက်လိုက်ပြီး

"သမီးလေးရဲ့ မိသားစုဝင်တွေရော" 

"ကိုကိုကြီးက သမီးရဲ့ မိသားစုဝင်ပါ၊ အခုအစ်ကိုကြီး မရှိတော့ သမီး ဘဝကို ဘယ်လိုဆက်ပြီး ရပ်တည်ရမယ်ဆိုတာ မသိတော့ပါဘူး"

အပြစ်ကင်းစင်လွန်းသော မိန်းမငယ်လေး၏ ငိုရှိုက်သံက ကြေကွဲစရာကောင်းလွန်းနေလေသည်။ ဆူး နှင့် ပိုင်မှာ ထိုမိန်းကလေးငယ်ကို သနားဂရုဏာသက်ရုံမှ အပ ဘာမှမလုပ်ပေးနိုင်ခဲ့ပေ။
                        🔰🔰🔰

ညိုစိမ့်သူရဲ့ အစ်ကိုကျောက်ကပ်က အဂ္ဂါ နှင့် တူညီနေသဖြင့် အဂ္ဂါ ၏ ကျောက်ကပ်အစားထိုးကုသမှုက အောင်မြင်သွားခဲ့လေသည်။ 

ထိုအခါမှသာ ဆူးတို့သားမိမှာ  ပူပင်သောကမှုတွေ အနည်းငယ် သက်သာသွားခဲ့လေသည်။ ညိုစိမ့်သူကိုလည်း ကျောင်းပြီးသည့်အထိ တာဝန်ယူပေးမည်ဟု ဆူး ကတိပေးကာ တိုက်ခန်း တစ်ခန်းစီစဥ်ပေးခဲ့လေသည်။

ကြည်ဖြူမေတ္တာWhere stories live. Discover now