ပြဒါးထက်က ညံ (၄) Unicode
-ဩဃညံ-
ပြဒါးကို မူးယစ်ဆေးနှင့် စနောက်ပြီး ပြဒါးအဖြစ်မှန်ကို သိသွားသည့်နေ့က သူ့မျက်နှာတည့်တည့်ကို ထိုးတာ ဘယ်နှစ်ချက်မှန်းတောင် မသိပါ။ သုံးရက်လောက် ဆန်ပြုတ်နှင့် ညားသွားသည်။ ဒေါ်ဖြူဝင်းကလည်း သူ့သားအထိုးခံရတာကို ဝင်မဆွဲသည့်အပြင်
"ခွေးနှစ်ကောင် ကိုက်နေပြီ"ဟုဆိုကာ ပန်းသီးစားရင်းပင် ကြည့်နေသေးသည်။တက္ကသိုလ်စာမေးပွဲဖြေနေစဉ် ဒေါ်ဖြူဝင်းက မူဆယ်ကို ပစ္စည်းသွားယူဖို့ တိုက်ခန်းတံခါးကို သော့ပိတ်ပြီး သားဖြစ်သူ မိမိကို တစ်ဖက်တိုက်ခန်းမှာသာနေရန် ပစ်ပစ်ခါခါထားခဲ့သည်။
ဩဃညံလည်း ဘယ်ပြောကောင်းမလဲ ပြဒါး ခုတင်ကို မောင် ပိုင်စီးလိုက်သည်။
ပြဒါးကတော့ သိပ်မကြည်။ ဒါပေမဲ့ ဘယ်လိုမှ လုပ်လို့မရပေ။ နှစ်ယောက်သား တစ်ယောက်အိပ်ခုတင်မှာ ကျပ်ညှပ်စွာ အိပ်ရသည်။ စာမေးပွဲလည်းရှိတာမို့ နှစ်ယောက်သား စားပွဲခုံတွင် ထိုင်နေရတာပိုများလေသည်။ဩဃသည် နောက်ဆုံးဘာသာအတွက် အီလေးဆွဲနေရင်း သူ့ဘေးက ပြဒါးကို ချောင်းကြည့်လိုက်သည်။
ပြဒါးက တခြားအချိန်တွင်သာ ရယ်လိုက် မောလိုက် ရန်ဖြစ်လိုက် ရှိတတ်ပေမဲ့ စာလုပ်နေသည့် အချိန်ဆိုလျှင် ရေမျက်နှာပြင်လို တည်ငြိမ်လှသည်။ ပြဒါးက ကွန်ပြူတာကို အာရုံစိုက်နေရင်းနှင့် ဩဃကို ပြန်ကြည့်ကာ
"ဘာကြည့်နေတာလဲ။ စောက်ပျင်းထူဖို့ ကြိုးစားမနေနဲ့!"ပြဒါးက ဆရာကြီးလေသံနှင့် ပြောလာတာမို့ ဩဃ နှာခေါင်းရှုံ့လိုက်သည်။
"အမှန်ဆို ငါတို့ အနုပညာကျောင်းကို တက်ရမှာကွ"
သူပြောလိုက်တော့ ပြဒါးက လာလာချည်သေး ဆိုသည့် ဟန်ဖြင့် ပြန်ကြည့်လာသည်။
"မင်းက အဆိုတော် လုပ်ချင်လို့လား""အေး ငါက အဆိုတော်။ မင်းက သရုပ်ဆောင်လုပ်"
"ငါက ဘာကိစ္စ သရုပ်ဆောင် လုပ်ရမှာလဲ။ လုပ်ချင်းလုပ် မင်းကလုပ်ရမှာ… ဟိုတစ်ခေါက် ဆေးစွဲနေတုန်းက တကယ့်ဘိန်းစားရုပ်။ အေးလေ နဂိုရုပ်ခံကလည်း ဆေးဘဲ ရုပ်ကိုး"
YOU ARE READING
Mini Stories
RomanceMini stories written by frost. All mini stories are Boylove Romance.