အဝေရာတမ်းချင်း-၃(အဝေရာတမ်းချင်း)

5.4K 716 49
                                    

Unicode

ဘေးနားတွင် လူပေါင်းများစွာက အကြိမ်မနည်း ဖြတ်သွားကြပေမဲ့ အတန်ကြာသူတို့နှစ်ဦးကြားတိတ်ဆိတ်နေဆဲပင်။

"... ကိုယ့်အမှားပါ။၂၁ ရာစုရဲ့ ချဉ်းကပ်ပုံကို သေချာနားမလည်လိုက်လို့ ကိုယ့်အပြုအမူတွေက မပီမသဖြစ်သွားပုံပဲ။ ကိုယ်မင်းကို ခဏတာ အပျော်လို့ တစ်ခါလေးတောင်မတွေးဖူးပါဘူး"

အကယ်၍ သည်လူဟာ သူ့ကို အတည်ပေါက်ချဉ်းကပ်နေတယ်ဆိုရင်တောင် လောလောဆယ် ဖြစ်ပျက်သွားရသည့် သူ့အပြုအမူတွေကို ဒေါသထွက်သင့်သည်မဟုတ်လား။ ဘာကြောင့် အလွန်အမင်းတည်ငြိမ်နေတာလဲ သူနားမလည်ခဲ့ချေ။
"အဲ့ဒီဘက်ကလူ ကျွန်တော့်ကို ဒေါသမထွက်ဘူးလား"

"ကိုယ်မေ့သွားတာပါ။ မင်းကအခုမှ ဆယ်တန်းအောင်တဲ့ကလေးဆိုတာကို... သေချာပေါက် ဒီအရွယ်က စိတ်ကစားတတ်တာပဲ။
အရွယ်ချင်းသိပ်ကွာနေတာကို ကိုယ် လျစ်လျူရှုလိုက်မိပုံပဲ။ကိုယ့်ဘက်က အလောသုံးဆယ်နိုင်သွားမိလို့ တောင်းပန်ပါတယ်။"

သူ့ကို တရိုတသေပင်ပြန်တောင်းပန်လာသည့်အခါ အပြစ်ရှိသည့်စိတ်တို့က ပိုလို့ပင်တိုးဝင်လာရသည်။
သူဘာပြန်ပြောရမှန်းမသိချိန်မှာပဲ သူ့ လက်ထဲသို့ ရှစ်လက်မပေတံလောက်ရှိသော အရုပ်ဆိုင်ကယ်လေးက ရောက်လာပါတော့သည်။
တစ်ဖက်လူကသူ့ကို ခဏအကြာလောက် နစ်ဝင်မတတ်စိုက်ကြည့်ပြီးသွားမှ ထွက်ခွာသွားလေသည်။ သူ့ရင်ဘတ်ကို ဆွဲစုတ်ပစ်လိုက်သလိုခံစားချက်နှင့်အတူ တစ်စုံတစ်ခုဟာပျောက်ရှသွားသကဲ့သို့။

ထိုဆိုင်ကယ်ဘူးလေး၏အဖုံးကြားတွင် ထည့်ထားသော စာရွက်ကိုသူဆွဲထုတ်ကာ နေရာမှာတင် ဖတ်ကြည့်လိုက်မိသည်။

....
- ထောင်သောင်းချီတဲ့လူတွေကြားထဲမှာ ပထမအကြိမ် မင်းကိုတွေ့တယ်။
တိုးနယားအက လေတဲ့ ...ကိုယ်မသိတဲ့အကကို မင်းကပြောပြတယ်။ ကိုယ့်ကိုယ်တော့မဟုတ်ဘူးပေါ့။ကိုယ်တပည့်မလေးတွေကို။

-ထောင်သောင်းချီတဲ့ လူတွေကြားထဲမှာ ဒုတိယအကြိမ်မင်းကိုတွေ့တယ်။ခေါင်းစွပ်ဦးထုပ်လေးနဲ့
မီးပုံးပျံလေးလိုပဲ။ ဆေးရောင်ခြယ်ထားတဲ့ မီးပုံးထက် ကိုယ်မင်းကို  ဓာတ်ပုံပိုရိုက်ခဲ့မိတယ်။
မင်းကိုယ်တိုင်ကိုင်ပြီးလွှတ်တဲ့ မီးပုံးတက်သွားတော့ ရယ်နေပုံများ။ကနေပုံများ။ တကယ့်ကလေးလိုပါ။

Mini StoriesWhere stories live. Discover now