Part13

253 23 0
                                    

Unicode

ကိုကိုမနေ့ညကဟွန်းကိုဖွင့်ပြောခဲ့သော်လည်းဟွန်းသေချာမယုံကြည်နိုင်သေး...ဟန်ဆောင်နေများဖြစ်နေမည်လားဟုတွေးနေမိသည်မှာအခါခါ...

သို့သော်နေ့ရက်တွေကူးပြောင်းလာသည်နှင့်အမျှကိုကိုကဟွန်းကိုပိုပိုဂရုစိုက်ပေးလာသည်။အရင်လိုအခန်းခွဲမနေတော့ဘဲတစ်ခန်းတည်းသာတူတူနေဖြစ်လာသည်...ညဘက်တိုင်းလည်းကိုကိုကဟွန်းကိုရင်ခွင်ထဲထည့်ကာချော့သိပ်သည်...ဟွန်းအရင်ကညဘက်တွေအိပ်မပျော်ခဲ့ပေမယ့်ကိုကို့အငွေ့အသက်လေးတွေကြောင့်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လာရသည်။

တစ်ချိန်ကျရင်ဒီနွေးထွေးမှုလေးတွေပျောက်ဆုံးသွားမှာကိုဟွန်းစိုးရိမ်နေမိသည်...သို့ပေမယ့်ဤနှစ်လအတွင်းကိုကို့၏ဂရုစိုက်မှုများကြောင့်ဟွန်းကိုကို့ကိုယုံကြည်လာမိသည်။

sehunကိုကိုအလုပ်သွားနေတုန်းခွေးလေးတွေနှင့်ဆော့နေမိသည်...ခွေးလေးတွေက ကိုကိုအလုပ်သွားတိုင်းဟွန်းကိုအဖော်ပြုပေးလေသည်...

ထိုသို့ဆော့နေစဥ်ဖုန်းထဲသို့massageဝင်သံ​ကြားသောကြောင့်sehunဖုန်းကိုဖွင့်ကြည့်လိုက်သည်။

ယခင်တစ်ခါမီယွန်းနှင့်ကိုကို့ပုံများကိုလာလာပို့နေသည့်ဖုန်းနံပါတ်စိမ်းမှထပ်ပို့လာသောပုံများ...

ပုံထဲတွင်ကိုကိုကမီယွန်းကိုဖက်ထားပြီးအိမ်တစ်အိမ်တစ်အိမ်ထဲသို့ဝင်သွားသည်...

sehunထိုပုံများကိုကြည့်ပြီးဝမ်းနည်းမိသွားသည်...ကိုကိုဟွန်းကိုလိမ်ညာခဲ့လေသလား...မီယွန်းနဲ့မတွဲတော့ဘူးလို့ပြောခဲ့သည့်ကိုကိုကယခုတွင်တော့မီယွန်းကိုထွေးပွေ့ထားလျက်...

ဟွန်းကိုကို့ကိုဖုန်းဆက်လိုက်သည်...ဖုန်းကမကိုင်...ထပ်ခါတစ်လဲလဲ ခေါ်သော်လည်းမကိုင်ပေ...ဖုန်းမကိုင်နိုင်ရအောင်ဘာတွေများလုပ်နေရတာလဲကိုကို...

ဒီနှစ်လအတွင်းဂရုစိုက်ပေးခဲ့တာတွေကရောအစစ်အမှန်တွေဟုတ်ရဲ့လားကိုကိုရယ်...

sehunဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာချလိုက်ပြီးထိုပုံတို့ကိုဖျက်လိုက်သည်...ဟွန်းဒီကိစ္စတွေသိနေတာကို ကိုကိုသိလို့မဖြစ်...ကိုကိုသိသွားလို့ဟွန်းကိုထားသွားခဲ့ရင်ဘယ်လိုလုပ်မလဲ?

..ကျွန်တော်ချစ်သောနေကြာ🌻(complete)Tahanan ng mga kuwento. Tumuklas ngayon