Part22

279 17 0
                                    

Unicode

chanyeolအလုပ်ကိုလဲမသွားဖြစ်တော့...အိမ်မှာသာအရက်တွေသောက်ပြီးနေနေသည်မှာတစ်ပတ်ခန့်ရှိနေလေပြီ...သူမှားခဲ့သည်...သူအရမ်းကိုမှားခဲ့သည်...သူဟွန်းလေးကိုမယုံကြည်မိခဲ့သည်ကသူ၏အကြီးမားဆုံးအမှားကြီးပင်...

ဟွန်းလေးကသူ့ကိုမုန်းသွားပြီထင်ပါရဲ့...သူ့ရှေ့ကိုမပေါ်လာတော့ပေ...သူဘာလို့များဟွန်းလေးကိုငြင်းပယ်ခဲ့မိပါလိမ့်...သူဘာလို့များမီယွန်းကိုသဘောကျမိခဲ့ရပါလိမ့်...သူဘာလို့များဟွန်းလေးကိုမပွင့်လင်းနိုင်ခဲ့ရပါလိမ့်...

အရာရာဟာသူ့အမှားသည်သာ...

အိမ်တွင်အငယ်ဆုံးဖြစ်သည့်သူကညီလေးတစ်ယောက်ကိုလိုချင်မိခဲ့သည်...ထို့ကြောင့်ဟွန်းလေးကိုညီလေးတစ်ယောက်လိုပင်ချစ်ခဲ့၏...တစ်နေ့သူဟွန်းလေးကိုမုန့်တူတူစားဖို့သွားခေါ်ခဲ့၏..ဟွန်းလေးအခန်းထဲဝင်သွားတော့ဟွန်းလေးကရေချိုးနေလေသည်...

ထို့ကြောင့်chanyeolလဲအခန်းထဲတွင်ဟိိုဟိုဒီဒီကြည့်ရင်းဒိုင်ယာရီလေးတစ်အုပ်ကိုတွေ့လိုက်ရ၏...ထိုဒိုင်ယာရီလေးကိုကြည့်လိုက်တော့chanyeolကိုချစ်သည့်အကြောင်းတွေကိုဖွဲ့နွဲ့၍ရေးထားလေသည်...chanyeol အတော့်ကိုပင်တုန်လှုပ်သွားခဲ့၏...သူညီလေးတစ်ယောက်လိုချစ်ရသည့်ကလေးလေးကသူ့ကိုဒီ့ထက်ပိုသည့်အချစ်တို့ဖြင့်ချစ်နေခဲ့သည်တဲ့လား...

chanyeol သည်ထိုသည်ကိုလက်မခံနိုင်ခဲ့သူကယောကျ်ားလေးများကိုစိတ်မဝင်စားပေ...ထို့ကြောင့်ထိုနေ့မှစပြီးသူဟွန်းလေးနှင့်ခပ်ကင်းကင်းနေခဲ့သည်...

တစ်နေ့ကျောင်းကိုမီယွန်းဆိုသည့်မိန်းကလေးရောက်လာသည်...ထိုကောင်မလေးသည်ဖြူစင်သည့်အပြင်လှလဲလှတာကြောင့်သူသဘောကျသွားမိ၏...

ဒါပေမယ့်ဟွန်းလေးကမီယွန်းကိုလာလာနှောင့်ယှက်သည်ဟုမီယွန်း၏သူငယ်ချင်းများကပြော၍သူအံသြခဲ့ရသည်...ဟွန်းလေးကအဲ့လိုလုပ်တတ်တဲ့ကလေးမှမဟုတ်တာလေ...

ဒါပေမယ့်တစ်နေ့ကျတော့မီယွန်းကစတိုခန်းထဲမှာတစ်ညတိတိပိတ်မိနေခဲ့သည်..တရားခံကတော့ဟွန်းလေးဟုမီယွန်းကပြောလာသည်...

..ကျွန်တော်ချစ်သောနေကြာ🌻(complete)Donde viven las historias. Descúbrelo ahora