မြိုင့်အရိပ် ဆိုတဲ့ ဒီ short story လေးကလေ ၊( short story လို့ပဲ သုံးနှုန်းပါရစေ) ကိုယ် စိတ်တအားပင်ပန်းနေတဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ လွတ်မြောက်ရာအဖြစ် ဖန်တီးထားတဲ့ ဖန်တီးမှုလေးတစ်ခုပါပဲ။ ရေးထားတာကလဲ စာအုပ်ထဲမှာ ကိုယ့်လက်ရေးနဲ့ ချရေးထားတာမလို့ ကိုယ့်အတွက် စာအုပ်ထဲက နေ ပြန်ပြီး typeဖို့က ပိုပြီး ပျင်းစရာကောင်းပေမယ့် ကိုယ်ကြိုးစားပြီး updateပေးမှာပါ။
ကိုယ့်ဇာတ်ကောင်လေးတွေကလဲ ကိုယ့်ရဲ့ စိတ်အဆင်လိုပဲ လေးပင်နေမှာပါပဲ။ သူတို့လေးတွေက ကိုယ့်ရဲ့ လွှမ်းမိုးမှုကို ခံရတဲ့ အချိန် ရှိသလို ကိုယ့်ကို ပြန်ပြီး လွှမ်းမိုးသွားတဲ့ အချိန်တွေလဲ ရှိတယ်။ ကိုယ့်ကလေးတွေအကြောင်းကို စဉ်းစားပြီး သနားလွန်းလို့ ငိုမိတဲ့ နေ့ညတွေလဲရှိခဲ့တာမလို့ ကိုယ် ဒီဖန်တီးမှုကို ချမပြရရင် နောင်တတွေရနေတော့မှာ။
ဒီ short story လေးမှာ ကိုယ်အကြိုက်ဆုံး Korean drama တစ်ခုကို inspired ယူထားပါတယ်။ ဒါကို ကိုယ် ဝန်ခံပါတယ်။ ဒါပေမယ့် ဇာတ်ကျောရိုးကြီးတစ်ခုလုံးကို ယူထားတာမျိုး မဟုတ်ဘဲ အစိတ်အပိုင်း တစ်ခုကိုပါပဲ။
ကိုယ့်ရဲ့ ဇာတ်ကောင်တွေကတော့ ကိုယ့်မြတ်နိုးရာလေးတွေဖြစ်ပေမယ့် တခြား ficထဲက ကလေးတွေနဲ့ တူသွားတာမျိုးဆိုရင် ကိုယ့်ကို လာပြောပေးကြပါ။
ကိုယ်က ဝါသနာရှင် အဆင့်မလို့ အမှားတွေ၊ ယုတ္တိတန်တာတွေ ရှိမှာပါ။ အဲ့လို အမှားတွေကို ချစ်တဲ့ စိတ်ကလေးနဲ့ အမှားပြင်ပေးသွားကြမယ်ဆိုရင်တော့ ကိုယ့်အတွက်အားဖြစ်မှာပါ။
စိတ်တွေ လေးလံတဲ့ အချိန်မှာ ရေးထားတာမလို့ စိတ်အပန်းဖြေမှုတော့ ရမှာမဟုတ်ပေမယ့် စိတ်မပျက်အောင် ကြိုးစားပမ်းစားရေးသွားမှာပါ။
အဆုံးထိ လိုက်ပါဖို့ တောင်းဆိုချင်ပေမယ့် အားနာပါတယ်။ ဒါပေမယ့် ကိုယ့်အရေးအသကို အမှားပြင်ပေးဖို့ အကဲဖြတ်ပေးဖို့ အဆုံးထိလိုက်ခဲ့စေချင်ပါတယ်။
ချစ်ရပါတဲ့
Scarlett 🍀🍀
YOU ARE READING
မြိုင့်အရိပ်
Short Storyကံ့ကော်တွေက နင့်ထက်ပိုပြီး လှတယ်မြိုင်... လိမ္မော်ခွံခြောက်တွေကလဲ သရက်ပွင့်တွေလို မွှေးတာကို နင်မသိဘူးမလား မြိုင်... ကောင်းမွန်စံ အစကတော့ တစ်မိုးအောက်မှာ ရှိနေတယ်ဆိုတဲ့ စိတ်နဲ့ပျော်ခဲ့တာပါ နောက်ပိုင်းမှာ ကျွန်တော် လောဘကြီးလာတယ်ထင်ပါရဲ့ အကိုနဲ့အတူ...