ဆာယာဆိုတဲ့ ကောင်လေးကို ဒီနေ့ကစပြီးတော့ Guide လုပ်ပေးတာ။ ပြောမယ်ဆိုရင်တော့ သူ့အိမ်ကိုသွားပြီး သူစာလုပ်တာကို ထိုင်ကြည့်ပေးရတာ။ သူ့အခန်းထဲမှာ လိမ္မော်သီး အခွံခြောက်နံ့ရတယ်။ ဆာယာက လိမ္မော်သီးအခွံနံ့ကြိုက်တယ်ဆိုပဲ။
အနံ့ထူးထူးဆန်းဆန်းကြိုက်တဲ့သူနဲ့ ထပ်တွေ့တာပဲ။ မြိုင်က သရက်ပွင့်နံ့ကြိုက်တာလေ။ ဆာယာက လိမ္မော်ခွံနံ့ကြိုက်လို့ သူ့မေမေက လိမ္မော်သီးအခွံကို အခြောက်လှမ်းပြီး အဝတ်အိတ်ကလေးတွေနဲ့ ထည့်ပေးထားတာပါတဲ့ ။ အဲ့တာကြောင့်ဆာယာဆီက လိမ္မော်သီးခွံနံ့ရပါတယ်လို့ စတွေ့တုန်းက သတိထားမိတာ။
သူ့မိဘတေွက ငါ့လို စကားသိပ်မပြောတဲ့သူကို သဘောမကျဘူးလို့ ထင်ရပေမယ့် ငါ့ကိုကောင်းကောင်းဆက်ဆံကြပါတယ်။ ဆာယာ့မေမေက မေမေနဲ့ အသက်မကွာသလို မေမေ့လိုပဲ အရွယ်တင်ပါတယ်။ ဆာယာ့မေမေကိုလဲ မြင်ဖူးသလိုရှိပေမယ့် ကောင်းကောင်းတော့မမှတ်မိပါဘူး။
ဆာယာ့ဖေဖေကတော့ ငါသူတို့အိမ် စ စရောက်တဲ့အချိန်ကပဲ မြင်လိုက်တာပဲ။ ဆာယာ့မှာ အမရှိတာကိုသိပေမယ့် ဆာယာ့ အမကတော့ အိမ်မှာ မရှိပါဘူးတဲ့။ အိမ်က အငယ်မနဲ့ ဆာယာ့မမက ခင်ပါတယ်တဲ့။ ငါ့မှာသာ သူငယ်ချင်းမရှိတာ မြိုင်ကလွဲပြီး...
ဆာယာကလေ ငါ့ထက် ၄နှစ်လောက်ငယ်တာကို ခုထိဆယ်တန်းမအောင်သေးတာကွာ ငါက ဘွဲ့မရဘူးဆိုပေမယ့် ဆာယာကကွာ ...လူပုံလေးက သန့်သန့်ပြန့်ပြန့်လေးနဲ့ ။ငါဆာယာ့ကို ဘာလို့ ဆယ်တန်းမအောင်သေးတာလဲလို့ မေးကြည့်တော့
“အရင်တစ်နှစ်က ကျန်းမာရေးကြောင့် မဖြေလိုက်ရတာ သိလားအကို”
“ဪ”
ငါရုတ်တရက်သနားစိတ်ကလေးဝင်လာပေမယ့်
“နောက်တစ်နှစ်က All-Dမရမှာစိုးလို့ ခြစ်ပစ်ခဲ့တာဗျ ”
“အယ်...ကိုယ့်ကိုရန်တွေ့နေတာလား”
“မဟုတ်ဘူးအကို..ပြောချင်လွန်းအားကြီးသွားလို့ ဟီး”
“ဟုတ်ပါပြီဗျာ”
ဒီကောင်လေးကလေ အရင် စတွေ့ကာစရက်တွေနဲ့ မတူတော့သလိုပဲ။ ငါ့ကိုဆို အရမ်းချွဲသလိုပဲ ။ ငါကလဲ သူလာချွဲရင် သူ့ကို အလိုလိုက်ပေးချင်သလိုပဲ။
YOU ARE READING
မြိုင့်အရိပ်
Short Storyကံ့ကော်တွေက နင့်ထက်ပိုပြီး လှတယ်မြိုင်... လိမ္မော်ခွံခြောက်တွေကလဲ သရက်ပွင့်တွေလို မွှေးတာကို နင်မသိဘူးမလား မြိုင်... ကောင်းမွန်စံ အစကတော့ တစ်မိုးအောက်မှာ ရှိနေတယ်ဆိုတဲ့ စိတ်နဲ့ပျော်ခဲ့တာပါ နောက်ပိုင်းမှာ ကျွန်တော် လောဘကြီးလာတယ်ထင်ပါရဲ့ အကိုနဲ့အတူ...