EP 3

3 0 0
                                    

ဒီနွေဦးကတော်တော်ပူတာပဲ။ နွေခေါင်ခေါင်ကျလို့။

ငါသဘောကျတဲ့ ကံ့ကော်ပန်းတွေတောင်မှ ဖူးလို့ ပွင့်လို့။ ငါ တစ်အိမ်လုံးမှာသဘောအကျဆုံးအပင်က နောက်ဖေးခြံထောင့်က ကံ့ကော်ပင်ပဲ။ ဘာလို့ဆိုကံ့ကော်ပန်းက လှတယ်လေ။ မွှေးလဲမွှေးတယ်။ ပျားတွေဆိုတာကလဲ ဝဲလို့။ ငါကတော့ ကံ့ကော်ပန်းကို မခူးဖူးဘူး။ အငယ်မနဲ့ မကြီးကတော့ ခူးပြီးပန်ကြမှာပေါ့။ သူတို့က မိန်းကလေးပဲ။ အလှကြိုက်တာက သူတို့ သဘာဝဖြစ်သလို ပန်းကြိုက်တာကလဲ သဘာဝပဲ။ အင်း...ဒီလိုဆိုမှ မြိုင်ပန်းပန်တာကိုတော့ တစ်ခါမှ မမြင်ဖူးတာက အမှန်တရား။

ဒီနေ့လဲ ဆိုင်လိုက်ကူဦးမှပါ။ မနေ့ည မအိပ်ခင်ကတောင်မှ အရင်ကလို စကားလက်ဆုံကျဖြစ်ပါသေးတယ် မေမေတို့နဲ့။ သုံးနှစ် အရင်ကလို။

မေမေကလေ ငါ့ကို တွေးနေငေးနေရင် “ငကောင်း” လို့ခေါ်တာ။ အင်း...မေမေခေါ်တာလဲ မမှားပါဘူး။ မေမေက မြိုင့်ကိုအခုထိကျေနပ်ပုံ မရပါဘူး။ ငါငေးနေရင် မြိုင့်အကြောင်းတွေးတယ်လို့ မေမေက ထင်တာလေ။ မေမေမှားပါဘူး။

ငါဆိုင်ကို တစ်ယောက်တည်းလမ်းလျှောက်သွားမယ်ဆိုတော့ မေမေက “ငါ့သားလေးဂရုစိုက်သွားနော် မငေးနဲ့” လို့ပြောရုံကလွဲပြီး အပိုမဆိုရှာပါဘူး။

ငါဆိုင်သွားတဲ့ လမ်းတစ်လျှောက် ငါမြိုင့်အကြောင်းကိုမစဉ်းစားမိတာ ဒါပထမဦးဆုံးပဲ။ ဘာလို့ဆို “ဆာယာ” ဆိုတဲ့ ကောင်လေးရဲ့ မျက်လုံးအောက်က မှည့်အညိုလေးအကြောင်း စဉ်းစားမိလို့။

ငါဆိုင်ကိုရောက်တော့ ‌ဆာယာဦးဆိုတဲ့ကောင်လေးက မမကြီးတို့ကို ဝိုင်းကူပေးနေတာကွာ...

တကယ်ပါ ဆာယာက မြိုင်နဲ့ ရုပ်ချင်းဆင်သလိုရှိပေမယ့် အမူအကျင့်တေ‌ွက ဘာမှမဆိုင်။ မြိုင်ကအပြုံးတုတွေ ပြုံးလေ့ရှိပေမယ့် ထိုကောင်လေးအပြုံး‌ေတွကတော့ စစ်မှန်တယ်လို့ ငါခံစားမိတယ်။

ငါဘာလို့များဆာယာနဲ့ မြိုင့်ကိုနှိုင်းယှဉ်နေတာပါလိမ့် ငါသူ့ကိုကြည့်နေတာကို ဘယ်ချိန်က မြင်သွားတယ် မသိ ဈေးဝယ်သူ တစ်ယောက်ထွက်‌သွားတာနဲ့ ငါ့ဆီကို လျှောက်လာပြီး...

မြိုင့်အရိပ်Where stories live. Discover now