Description

979 41 2
                                    

ဗီလိန်နဲ့ရတဲ့ တိတ်တိတ်ပုန်းသမီး
[ Description ]
Type: Webnovel
Genre:  Drama, Fantasy, Romance.
Authors: 이사빛
Translator: Nieve

ပြီးဆုံးသွားတဲ့ဝတ္ထုတစ်ပုဒ်မှာ အပိုအနေနဲ့ မွေးဖွားလာခဲ့တယ်။ အဓိကဇာတ်ဆောင်တွေက ပျော်ရွှင်စရာဇာတ်သိမ်းသွားပြီး ဘာပြဿနာမှမရှိဘဲ သူတို့အဘိုးနဲ့အတူ အေးအေးချမ်းချမ်းလေး နေထိုင်နေကြရာ ရုတ်တရက်ကြီး မူလအမျိုးသားဇာတ်ဆောင်က ကျွန်မဆီကို ရောက်လာပြီး ဒူးထောက်ချလိုက်တယ်။

“……”

ဒီမှာ ဘာတွေဖြစ်နေတာပါလိမ့်။

“….မင်း”

မျက်တောင်တွေ တဖျတ်ဖျတ်ခတ်နေတဲ့ အမျိုးသားဇာတ်ဆောင်က ပြောလာတယ်။

“ မင်းက မာရီယတ်ရဲ့သမီးပဲ”

ကျွန်မရဲ့လက်ထဲမှာ ကိုင်ထားတဲ့ ပန်းသရဖူလေးကို လွှတ်ချလိုက်မိတယ်။
အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီး ဝမ်းနည်းစရာကောင်းတဲ့အဆုံးသတ်နဲ့ ကြုံတွေ့သွားရတဲ့ ဗီလိန်အမျိုးသမီးရဲ့နာမည် မဟုတ်ဘူးလား။
ဒါနဲ့ ကျွန်မက မာရီယတ်ရဲ့သမီးတဲ့လား။
ဘယ်လိုတောင် ရူးချင်စရာကောင်းလိုက်တဲ့ စကားကြီးလဲ။
အဲ့ဒီအချိန်မှာ ကျွန်မ အလေးအနက်တွေးတောမိနေတာက အမျိုးသားဇာတ်ဆောင်က ဝတ္ထုပြီးဆုံးသွားတာနဲ့ ရူးများသွားသလားဆိုတာပါပဲ။

“ ပြီးတော့…ငါ့ရဲ့သမီးလည်း ဟုတ်တယ်….”

မျက်ဝန်းထဲမှာ မျက်ရည်တွေအပြည့်နဲ့ အမျိုးသားဇာတ်ဆောင်က ပြောလာခဲ့တယ်။
……ဟမ်။

“ နောက်ဆုံးတော့ သမီးကိုရှာတွေ့ခဲ့ပြီ၊ ဖေဖေ့မှာ သမီးရှိနေမှန်း လုံးဝမသိခဲ့ပါဘူး၊ ကလေးရယ် ဖေဖေက သမီးရဲ့အဖေဆိုတာ တကယ်ပါ”

အမျိုးသားဇာတ်ဆောင်က ဝမ်းနည်းပက်လက်နဲ့ ဆက်ပြောနေတဲ့အချိန်မှာ။
ငိုနေရင်းပေါ့-
တစ်စုံတစ်ယောက်က ပေါ်ထွက်လာပြီး အမျိုးသားဇာတ်ဆောင်ရဲ့ ခေါင်းနောက်ကို အားကုန်သုံးပြီး ခဲလုံးနဲ့ပေါက်လိုက်တယ်။
ဖြောင်း-
ခေါင်းကို အရိုက်ခံလိုက်ရတဲ့ အမျိုးသားဇာတ်ဆောင်က ပစ်လဲပြီး ညစ်ပတ်ပေရေနေတဲ့မြေကြီးပေါ်မှာ မျက်နှာအပ်ကျသွားတယ်။

“ မင်းရဲ့လက်နဲ့ ဘယ်ကိုထိလိုက်တာလဲ အယုတ်တမာကောင်”

အဲ့ဒီနောက် ဒေါသကြောင့် မျက်နှာတွေနီမြန်းနေတဲ့ အဘိုးက ပေါ်လာပြီး အော်ပြောလိုက်တယ်။

“ မင်းက ဂုဏ်သိက္ခာဆိုတာ ဘာမှန်းမသိတဲ့အရူးကောင်၊  ငါ့သမီးက မင်းအတွက်နဲ့ ဘယ်လောက်တောင် ခံစားခဲ့ရပြီးမှ ထွက်သွားရတာမလို့လဲ၊ အခုရော ဘယ်နေရာမလို့ အရှက်မရှိ ပြန်လာဝံ့တာလဲ”

ကျွန်မကတော့ မျက်နှာကို ကြမ်းပြင်နဲ့ ပြင်းပြင်ထန်ထန်ရိုက်ခံလိုက်ရတဲ့ အမျိုးသားဇာတ်ဆောင်ရယ် အရင်ကထက် အားမာန်အပြည့်နဲ့ ရောက်ချလာတဲ့ အဘိုးရယ်ကို ငေးကြည့်နေမိတယ်။
ဒါကတော့ ကျွန်မ တစ်ခါမှတောင် စိတ်ကူးမယဥ်ဖူးတဲ့ ကျွန်မရဲ့မွေးဖွားခြင်းနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရတဲ့အချိန်ပါပဲ။

Storyglory
Swara Web Novel Translation





ဗီလိန်နဲ့ရတဲ့ တိတ်တိတ်ပုန်းသမီး Where stories live. Discover now