Part- 3

428 39 7
                                    

ဗီလိန်နဲ့ရတဲ့ တိတ်တိတ်ပုန်းသမီး
[ Part 3 ]

မူရင်းစာရေးသူ: 이사빛
ဘာသာပြန်: Nieve

“….”

ပြောစရာစကားတွေ ပျောက်ရှသွားတယ်။

“ သမီးရဲ့အမေက ကိုယ့်ကံကြမ္မာကိုယ်စီရင်ခဲ့တာပဲ၊ ဒီအကြောင်းတွေ ဆက်မတွေးချင်တော့တာမလို့ ကျေးဇူးပြုပြီး ရပ်လိုက်ကြရအောင်၊ ဆက်ပြောနေလို့ ကောင်းတဲ့အရာမှမဟုတ်တာ..”

ကျွန်မကို ပြောလိုက်တဲ့စကားတွေက လိမ်ညာနေတာမဟုတ်ဘဲ သူ တကယ်ကို ယုံကြည်နေခဲ့ပုံပဲ။

“ သွားပါ”

“ အီဒစ်…”

ရောဘရစ်ရဲ့မျက်နှာမှာ စိတ်ရှုပ်ထွေးမှုတွေက အထင်းသား။

“ ထွက်သွားပြီး နောက်ထပ်လည်း မလာခဲ့ပါနဲ့တော့”

ကိုယ့်ရဲ့ အေးတိအေးစက်လေသံကို ကိုယ်တိုင်တောင် ပြန်အံ့အားသင့်သွားတယ်။

“ ခဏလေး အီဒစ်”

ရောဘရစ်က လက်လှမ်းလာပြီး အော်ပြောခဲ့တယ်။

“ ဘာလို့ ကျွန်မကိုတွယ်ကပ်နေရတာလဲ၊ ကျွန်မက ဦးလေးမုန်းတဲ့ မေမေရဲ့သမီးပါ”

အဲ့ဒီအချိန်မှာ မမြင်ရတဲ့နံရံတစ်ခုက ကာထားသလိုမျိုး ရောဘရစ်ရဲ့လက်က ရပ်တန့်သွားကာ တုပ်တုပ်မျှမလှုပ်တော့ပါ။
ခဏအကြာမှာတော့ ရောဘရစ်ဆီက ကျယ်လောင်လှတဲ့ ငိုကြွေးသံကြီး ပေါ်ထွက်လာတယ်။
ကျွန်မရဲ့လက်တွေနဲ့ နားကိုတောင် အုပ်ထားမိလိုက်တယ်။

“ အား…အီဒစ်…"

ရောဘရစ်က ကြောက်လန့်တကြားနဲ့ ပါးစပ်ကို ပိတ်လိုက်တယ်။

“ ဖေဖေ တောင်းပန်ပါတယ်၊ သမီးကို လန့်သွားစေဖို့ မရည်ရွယ်ပါဘူး….”

သူ့ရဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ပုံစံကို ကြည့်ပြီး အတွေးတွေဝင်လာခဲ့တယ်။
ရောဘရစ်က ကျွန်မနဲ့ပတ်သက်ပြီး အပြစ်ရှိသလို ခံစားနေရတာပဲ။
သူရှိနေတာ သိတောင်မသိတဲ့ ကျွန်မကို သူ့ရဲ့အနေအထားနဲ့ယှဥ်ရင် အလွန်နွမ်းပါးလှတဲ့နေရာမှာ ရှိနေစေခဲ့လို့ပေါ့။
ဒါကြောင့်မလို့ သူတတ်နိုင်သလောက် ကျွန်မကို ပြန်ပေးဆပ်ချင်နေပုံပဲ။
အခုအချိန်ထိ လျစ်လျူရှုထားမိတဲ့ကျွန်မကို မပေးနိုင်ခဲ့တဲ့မေတ္တာတွေ ပေးချင်နေဟန်။
ဒါပေမဲ့ အပြစ်မကင်းဘူးလို့ ခံစားနေရတာက မာရီယတ်အပေါ်တော့ မသက်ရောက်ခဲ့ပါဘူး။
မူရင်းဝတ္ထုထဲက အကြောင်းအရာတွေက ကျွန်မရဲ့စိတ်ထဲမှာ ဖျတ်ခနဲ ပေါ်လာတယ်။

You've reached the end of published parts.

⏰ Last updated: Apr 14, 2023 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်နဲ့ရတဲ့ တိတ်တိတ်ပုန်းသမီး Where stories live. Discover now