Part- 2

244 25 0
                                    

ဗီလိန်နဲ့ရတဲ့ တိတ်တိတ်ပုန်းသမီး
[ Part 2 ]

မူရင်းစာရေးသူ: 이사빛
ဘာသာပြန်: Nieve

“ အိုး.. ခဏလေး”

တံခါးကို မြန်မြန်ပိတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ရောဘရစ်ရဲ့လက်က ဦးသွားပြီး ချောမောလှသော ရောဘရစ်ရဲ့မျက်နှာကို စိုးရိမ်တကြီး ကြည့်လိုက်တဲ့အခါ ပျာယာခတ်စွာနဲ့ ပြောလာခဲ့တယ်။

“ သမီးရဲ့နာမည်က အီဒစ်ဆိုတာ ဖေဖေသိပြီးပြီ၊ ဖေဖေတောင်းပန်ပါတယ်၊ သမီးရှိတာ အခုမှသိရတယ်ဆိုတာကို မယုံနိုင်သေးဘူး”

….ဘာလို့ ဇွတ်တွေဖြစ်နေပါလိမ့်။
ကျွန်မရဲ့မျက်ခုံးတွေကို တွန့်ချိုးမိလိုက်တယ်။
ဘဝတစ်လျှောက်လုံးမပင်ပန်းချင်ရင် ဒီလူကြီးကိုရှောင်ရမယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံတွေ တတီတီမြည်လာတယ်ဆိုတဲ့ အတွေးက ရုတ်တရက် ကြီးစိုးလာခဲ့တယ်။
ငြိမ်သက်နေတဲ့ ကျွန်မကို ကြည့်ဖို့ ရောဘရစ်က ကျွန်မရဲ့မျက်လုံးနဲ့ တန်းတူဖြစ်အောင် ဒူးကို ညွတ်ကွေးလာတယ်။
သူ့ရဲ့မျက်လုံးထဲမှာ အပြစ်မကင်းတဲ့ အရိပ်အယောင်တွေ အပြည့်ပဲ။

“ မနေ့က ပယ်ရီယန်က ပေါက်ကွဲခဲ့တယ်လို့ ကြားတယ်၊ သူတစ်ခုခုပြောခဲ့ရင် ဂရုစိုက်စရာမလိုတာမလို့ မေ့ပစ်လိုက်ပါ”

‘…သူ(မ)ရဲ့ရုပ်ရည်က သူနဲ့တူပေမဲ့ အမေဖြစ်သူဆီက အကျင့်စရိုက်တွေတော့ ပါမလာလောက်ပါဘူးနော်၊ သူ(မ)ကို မင်းသမီးအဖြစ် မသတ်မှတ်ဖို့တော့ ငါမျှော်လင့်တယ်'

ဒီစကားတွေကို ဘယ်လိုလုပ် မေ့နိုင်မှာတဲ့လဲ။
ပယ်ရီယန်က ကလေးတစ်ယောက်ရဲ့ရှေ့မှာ မပြောသင့်တဲ့စကားတွေကို ပြောခဲ့ပြီး သူ့ရဲ့အကြည့်တွေထဲမှာ မနာလိုမုန်းတီးမှုတွေ ရွံရှာမှုတွေ အပြည့်နဲ့လေ။
ကျွန်မက ဒီကလေးရဲ့ ဝိညာဥ်မဟုတ်တာကိုပဲ ဝမ်းသာမိတယ်။ ကျွန်မသာ ဒီကလေးအစစ်အမှန်ဆိုရင် ကျန်နေသေးတဲ့ ဘဝတစ်လျှောက်လုံး စိတ်ဒဏ်ရာရသွားလောက်တယ်။
ဒါပေမဲ့ ဘာမှပြောင်းလဲမသွားတာမလို့ သိပ်တော့ စိတ်ပူစရာမလိုပါဘူး။
….သူ့ကို မြန်မြန် မောင်းထုတ်ပစ်ရမယ်။
သူ့ကိုသာ ထပ်တွေ့ရမယ်ဆိုရင် ကျွန်မရဲ့ စိတ်ကျန်းမာရေးအတွက် ကောင်းနိုင်မှာမဟုတ်ဘူး။
သက်ပြင်းချလိုက်ပြီး စကားပြောဖို့ ပြင်လိုက်တယ်။

ဗီလိန်နဲ့ရတဲ့ တိတ်တိတ်ပုန်းသမီး Where stories live. Discover now