Part- 1

308 25 0
                                    

ဗီလိန်နဲ့ရတဲ့ တိတ်တိတ်ပုန်းသမီး
[ Part 1 ]

မူရင်းစာရေးသူ: 이사빛
ဘာသာပြန်: Nieve

၁။ နတ်ဆိုးရဲ့သမီး
‘ Rhapsody of Prime' ရဲ့ ဗီလိန်။
မြို့စားရဲ့သမီးပျို မာရီယတ်အိုက်ဒင်းဗက်စတီဗန်။
ခရမ်းဖျော့ရောင်ရှိတဲ့ ဆံနွယ်၊ ခက်ထန်လှတဲ့ ရွှေရောင်မျက်ဝန်းတစ်စုံ။ ထက်မြက်တဲ့ အသွင်အပြင်။ မာရီယတ်ဟာ မြင်သူတကာချီးမွမ်းလောက်ရတဲ့အထိ လှပထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။
အထူးဇာတ်လိုက်မင်းသမီးဖြစ်တဲ့ မယုံကြည်နိုင်လောက်အောင် လှပလွန်းတဲ့ ချက်စ်ချာက လွဲလို့ပေါ့။
အဓိကအမျိုးသားဇာတ်ဆောင် ရောဘရစ်ကတော့ ဘုရင်ခံချုပ်ဟီလီယန်ရဲ့ တစ်ဦးတည်းသောသားပါ။
အရင်ဘုရင်က ရောဘရစ်ရဲ့ဖခင်ကို မနာလိုမုန်းတီးလှသဖြင့် နိုင်ငံတော်ပုန်ကန်မှုနဲ့ စွဲချက်တင်လိုက်တာကြောင့် မိဘနှစ်ပါးစလုံးကို ဆုံးရှုံးလိုက်ရတဲ့အပြင် အပြစ်သားရဲ့မျိုးဆက်ဆိုတဲ့ နာမည်ကိုပါရရှိလိုက်တယ်။
မိဘမဲ့ကလေးတစ်ယောက်ဖြစ်သွားတဲ့ သူ့ရဲ့အခြေအနေကို ဘယ်သူကမှ လက်ခံမပေးပေမဲ့ ဘုရင်ရူးကို ကြောက်ရွံ့နေတဲ့ တော်ဝင်မိသားစုရဲ့ ဆက်ခံသူတစ်ယောက်အဖြစ် ဆက်ဆံပြီး ခေါ်ယူစောင့်ရှောက်ပေးတဲ့သူကတော့ ယခင်ဘုရင်ခံချုပ်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း မြို့စားမင်း ဗက်စတီဗန်ပါပဲ။
ဟုတ်ပါတယ်။ ကောက်ကျစ်တဲ့အမျိုးသမီးရဲ့ ဖခင်ဖြစ်သူပါ။
ဒီအခြေအနေတွေကြောင့် မာရီယတ်နဲ့ ရောဘရစ်က ကလေးဘဝကတည်းက အတူတူကြီးပြင်းလာကြပြီး သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေး မောင်နှမတွေလိုမဟုတ်တဲ့ ဆက်ဆံရေးမျိုး နှစ်ယောက်ကြားမှာ ရှိနေခဲ့တာပါ။
တိတိကျကျပြောရရင် မာရီယတ်က ရောဘရစ်ကို သူငယ်ချင်းတစ်ယောက်လို သဘောမထားနိုင်ခဲ့ပါဘူး။
ရောဘရစ်က မာရီယတ်ကို အဖိုးတန်တဲ့ မိတ်ဆွေကျေးဇူးရှင်ရဲ့ သမီးတစ်ယောက်အနေနဲ့ တွေးထားပြီး တခြားသူတွေထက် ပိုပြီးရင်းရင်းနှီးနှီးနေခဲ့ပါတယ်။ ကောက်ကျစ်တဲ့အမျိုးသမီးရဲ့ ဖခင်ဖြစ်သူ မြို့စားမင်း ဗက်စတီဗန်ကတော့ သူ့သမီးရဲ့နှလုံးသားကို ရိပ်မိခဲ့ပြီး စိတ်ရင်းနဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။
ဒါကြောင့်မလို့ ရောဘရစ်ဟာ အပြစ်သားတစ်ယောက်ရဲ့မျိုးဆက်ဖြစ်သော်လည်း  အင်ပါယာမိသားစုရဲ့ ပထမအဆင့်သူရဲကောင်းနဲ့ အင်ပါယာတစ်ခုလုံးက လေးစားရတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်အောင် ဗက်စတီဗန်က သူ့ရဲ့အရိုက်အရာဆက်ခံသူနေရာကို ပေးအပ်ခဲ့တယ်။
အဲ့ဒါကြောင့် ရောဘရစ်က ဗက်စတီဗန်မြို့စားနဲ့ မြို့စားကတော်အပေါ်မှာ ကျေးဇူးကြွေးတွေ ရှိနေပါတယ်။
ဒါပေမဲ့။

ဗီလိန်နဲ့ရတဲ့ တိတ်တိတ်ပုန်းသမီး Where stories live. Discover now