[Unicode]
ချစ်ခြင်းဒဏ္ဍာရီ
အပိုင်း-၃ဒီနေရာမှာ မြေ့ယိမ်းစက်ဖြူ ကို တွေ့လိမ့်မယ်လို့မထင်ထားတာကြောင့် သျှားမြတ်စစ်ရည် အံ့သြသွားသည်။ တစ်ချိန်တည်းမှာပဲ ဒီနေရခက်နေသည့်စားပွဲဝိုင်းကနေ ထွက်သွားဖို့အတွက် မြေ့ယိမ်းစက်ဖြူ ၏ အကူအညီကိုယူရမည်။
အတွေးနှင့်အတူ သျှားမြတ်စစ်ရည် menu စာအုပ်ကို ပြုံးပြီးကြည့်နေသည်။
'လင်္ကာ ဆန်စီးစားမယ်။ ဒီဆိုင်က ဆန်စီးက စားကောင်းတယ်လို့ကြားတယ်။ ဒယ်ဒီကော'
'ဆန်စီးပဲ လုပ်လိုက်ပါ'
'ဒါဆို ဆန်စီးနှစ်ပွဲပေါ့နော်'
'အန်တီတို့အတွက်ပါ ဆန်စီးပဲပြင်ပေးသား'
'ဟုတ်'
'သား ဆန်စီးမကြိုက်ဘူး မေမေ'
'သား'
ဒေါ်မြတ်ကဗျာ က လင်္ကာဧကရီစံ ၏ အကြိုက်အတိုင်းလိုက်လျောရန် မျက်ရိပ်မျက်ကဲပြပေမဲ့ သျှားမြတ်စစ်ရည် က menu စာအုပ်ကိုပိတ်လိုက်ပြီး
'ဒီမှာ ဘာစားလို့ကောင်းလဲ'
'အကုန်စားကောင်းပါတယ်။ စာဖိုမှူးတွေက ရှမ်းလူမျိုးအစစ်တွေဆိုတော့ ရှမ်းအရသာအပြည့်အဝရဖို့ အာမခံပါတယ်'
'ဒါဆို ဘာစားရင်ကောင်းမလဲ။ ညီ ရွေးပေးကြည့်'
'တို့ဖူးနွေးဆိုရင်ရော'
'အိုခေ....တို့ဖူးနွေးတစ်ပွဲပေး'
သျှားမြတ်စစ်ရည် စကားကြောင့် လင်္ကာဧကရီစံ မျက်နှာပျက်သွားသည်။ ဒါ သူ့ကို အလိမ္မာနဲ့ငြင်းလိုက်တာ။
မြေ့ယိမ်းစက်ဖြူ စာအုပ်အသေးလေးထဲမှာ မှာထားတာတွေကိုမှတ်လိုက်ပြီးနောက်
'ခဏလေးစောင့်ပေးနော် ဒေါက်တာ'
'အင်း'
မြေ့ယိမ်းစက်ဖြူ စားပွဲဝိုင်းကနေလှည့်ထွက်လာပြီး စားဖိုဆောင်သို့ သွားရန်ပြင်နေတုန်းမှာပဲ
'ဖြူလေး'
အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် အနောက်တိုင်းဝတ်စုံဝတ်ထားသော ကောင်လေးတစ်ယောက်ရောက်လာပြီး မြေ့ယိမ်းစက်ဖြူ ပခုံးကိုဖက်ကာ ကောင်တာဆီသို့ဆွဲခေါ်သွားသည်။
YOU ARE READING
ချစ်ခြင်းဒဏ္ဍာရီ-ချစ်ခြင်းဒဏ္ဍာရီ