129 8 1
                                    

[Unicode]
ချစ်ခြင်းဒဏ္ဍာရီ
အပိုင်း-၆

သျှားမြတ်စစ်ရည် မြင်းလှည်းပေါ်ကနေဆင်းလိုက်ပြီး သူရောက်နေသည့် ပျဉ်ထောင်အိမ်အပေါက်ဝကိုလှမ်းကြည့်နေသည်။

'အစ်ကို ဒီအိမ်မှန်ပါတယ်နော်'

'သုတေသနဌာနက မိုးထက်ဝေလျှံ ရဲ့အိမ်က ဒီအိမ်ပဲရှိတာ။ ကျန်တဲ့သူတွေက ဌာနကပေးထားတဲ့ အခန်းတွေမှာပဲနေတာ။ သူတစ်ယောက်ပဲ ဒီရွာမှာခွဲနေနေတာ။ ပိုသေချာချင်ရင်ဖုန်းဆက်ကြည့်ပေါ့'

မြင်လှည်းသမားရဲ့ စကားကြောင့် သျှားမြတ်စစ်ရည် ဘောင်းဘီအိတ်ထဲကဖုန်းထုတ်ပြီး မိုးထက်ဝေလျှံ ဆီ ဖုန်းဆက်လိုက်သည်။

'မိုးထက် ငါမင်းအိမ်ရှေ့ရောက်နေပြီ။ မင်းဘယ်မှာလဲ'

'ငါ ဘုရားပေါ်ရောက်နေတာ။ ခဏစောင့်'

'အင်း'

'ခဏစောင့်ပေးလို့ရမလား'

'ရပါတယ်'

သျှားမြတ်စစ်ရည် မြင်းလှည်းပေါ်မှာပဲ ထိုင်နေလိုက်ပြီး မြေ့ယိမ်းစက်ဖြူ ဆီ ဖုန်းခေါ်ပြန်သည်။ သုံးခေါက်အထိခေါ်တာတောင် ဖုန်းမကိုင်သောကြောင့်

'ဘာလို့ ဖုန်းမကိုင်တာလဲ'

နောက်တစ်ကြိမ်ထပ်ခေါ်တော့ ကောင်လေးတစ်ယောက် ဖုန်းလာကိုင်သည်။

'ဟယ်လို'

'ယိမ်းဖြူ ကော ဘာလို့ဖုန်းမကိုင်တာလဲ'

'သခင်ငယ်လေးက ရေချိုးခန်းဝင်နေလို့ပါ။ ပြန်ထွက်လာရင် ဖုန်းပြန်ဆက်ဖို့ ကျွန်တော်ပြောပေးပါမယ်'

မိုးမာန် ပိတ်ထားဆဲဖြစ်သော ရေချိုးခန်းတံခါးကိုကြည့်ရင်း ပြန်ဖြေလိုက်သည်။ အားလုံး လေလံပွဲကိုသွားရန် အဆင်သင့်ဖြစ်နေကြပြီပေမဲ့ မြေ့ယိမ်းစက်ဖြူ က အိပ်ပျော်နေသောကြောင့် အခုမှနှိုးပြီး ကပျာကယာပြင်ဆင်ခိုင်းနေရသည်။

'ရတယ်။ ထားလိုက်တော့'

'ဟုတ်'

သျှားမြတ်စစ်ရည် ဖုန်းချဖို့ပြင်လိုက်ပြီးမှ

'ခဏလေး မင်းက ဘယ်သူလဲ'

သျှားမြတ်စစ်ရည် ၏ အသံကြောင့် မိုးမာန် ရှိန်သွားပြီး

ချစ်ခြင်းဒဏ္ဍာရီ-ချစ်ခြင်းဒဏ္ဍာရီWhere stories live. Discover now