[Unicode]ချစ်ခြင်းဒဏ္ဍာရီ
အပိုင်း-၁၁
ရွှေတိဂုံဘုရား၏ တောင်ဘတ်မုခ်တွင် ကားရပ်ပြီးနောက်
'ဓာတ်လှေကားနဲ့ တက်မလား'
'ကိုယ် ဈေးတန်းကနေပဲတက်ချင်တယ်'
လှေကားအများကြီးကို တက်ရမှာကို မြေ့ယိမ်းစက်ဖြူ ပျင်းပေမဲ့ သျှားမြတ်စစ်ရည် သဘောအတိုင်း ခေါင်းငြိမ့်ပြပြီး ကားထဲမှာပဲ ဖိနပ်ချွတ်ထားခဲ့ပြီး ဈေးတန်းရှိသည့် စောင်းတန်းဆီထွက်လာခဲ့ကြသည်။စောင်းတန်းတစ်လျှောက် ဘေးနှစ်ဖက်လုံးမှာ ဈေးသည်မျိုးစုံရှိနေသည်။ ဘုရားဆင်းတုတော်၊ပန်းချီကားလိပ်များ၊ စက္ကူရုပ်ပစ်တိုင်းတောင်ရောင်းသည့်ဆိုင်များ၊ ကျောက်စိမ်းလက်စွပ်၊လက်ကောက်ရောင်းသည့်ဆိုင်တွေအများကြီးရှိနေသည်။ တစ်ဝက်လောက်တက်ပြီး လှေကားတစ်ဖြတ်နားသည့်နေရာရောက်တော့
'ခဏနားရအောင် ကျွန်တော်ညောင်းနေပြီ'
လှေကားတွင်ထိုင်ရင်း ပြောလာသည့် မြေ့ယိမ်းစက်ဖြူ ကြောင့် သျှားမြတ်စစ်ရည် ပါ ဘေးတွင်ကပ်လျက်ထိုင်သည်။
'ယိမ်းဖြူ က ကိုယ်ထင်ထားတာထက် ပိုပြီးအပင်ပန်းမခံနိုင်ဘူးပဲ'
'မဟုတ်ဘူး။ ကျွန်တော် အပင်ပန်းခံနိုင်ပါတယ်။ လှေကားတွေတက်ရတာကိုမကြိုက်တာ'
မြေ့ယိမ်းစက်ဖြူ က မျက်နှာလေးရှုံ့မဲ့ကာ ပြန်ပြောသည်။ ဒါကိုပဲ သျှားမြတ်စစ်ရည် က ချစ်စနိုးဖြင့်ကြည့်ပြီး ခေါင်းကဆံပင်တွေကို သပ်ပေးသလိုလိုဖြင့် ဖွပစ်လိုက်သည်။
'ငပျင်းလေး'
'ပြောလည်းခံရမှာပဲ။ လှေကားတက်ရတာကိုတစ်ကယ်မကြိုက်တာ'
'ဒါဆို ပုပ္ပါးတောင်သွားရင်ဘယ်လိုလုပ်မလဲ။ တစ်တောင်လုံးလှေကားနဲ့ပဲတက်ရမှာ'
'ကားနဲ့တက်မှာပေါ့'
YOU ARE READING
ချစ်ခြင်းဒဏ္ဍာရီ-ချစ်ခြင်းဒဏ္ဍာရီ