[Unicode]
ချစ်ခြင်းဒဏ္ဍာရီ
အပိုင်း-၈သျှားမြတ်စစ်ရည် ဒဏ်ရာကိုဆေးထည့်ပေးပြီးနောက် sumofix နှင့်ကပ်ပေးနေရင်း
'နောက်တစ်ပတ်နေရင်ချုပ်ရိုးဖြည်မယ်။ ဆေးခန်းလာခဲ့လိုက်'
'အိုခေ'
'ခဏလေး'
ရန်ကုန်သို့ပြန်ရန်တက်ကြွနေသည့်သူအား သျှားမြတ်စစ်ရည် တားလိုက်ပြီး
'ထပ်ပြီးဒဏ်ရာမရစေနဲ့။ ပြီးတော့အရမ်းလှုပ်ရှားလို့မရသေးဘူး။ ချုပ်ရိုးပြည်သွားလိမ့်မယ်'
'ဒေါက်တာကလည်း ကျွန်တော်က အားနေရန်ဖြစ်နေတဲ့သူကျနေတာပဲ'
ဆူပုတ်နေသည့်မျက်နှာလေးက ချစ်စရာကောင်းပေမဲ့ လူနဲ့မလိုက်အောင် လက်ရဲဇာတ်ရဲဖြစ်နေသည့်အကြောင်းကို သိနေတာကြောင့်
'အားနေရန်ဖြစ်နေတဲ့သူမဟုတ်ပေမဲ့ ကိုယ်နဲ့တွေ့တိုင်းတော့ ဒဏ်ရာတစ်ခုမဟုတ်တစ်ခုရှိနေတာပဲလေ'
'ဒေါက်တာရှိနေလို့လေ။ ကျွန်တော့်ကို ကုပေးတဲ့ ဒေါက်တာရှိနေတာကြီးကို။ ဒေါက်တာက ကျွန်တော့်ကိုငြိုငြင်တာလား'
နီစွေးစွေးနှုတ်ခမ်းက စူလာသောကြောင့် သျှားမြတ်စစ်ရည် စိတ်မဆိုးနိုင်တော့ဘဲ
'ငြိုငြင်တာမဟုတ်ဘူးလေ။ ဒဏ်ရာရှိနေရင် ယိမ်းဖြူ ပဲနာကျင်ရမှာလေ'
'ကျွန်တော်ရန်ဖြစ်ရတာကိုကြိုက်တယ်'
'ပြောလေဆိုးလေပါလား'
မြေ့ယိမ်းစက်ဖြူ ၏မျက်နှာက ခုနကလိုချွဲနွဲ့မနေတော့ဘဲ ခပ်တည်တည်ဖြင့် မတ်တပ်ရပ်ကာ အပေါ်ကုတ်အတိုလေးအားကောက်ဝတ်လိုက်သည်။
'တစ်ကယ်လို့ ဒေါက်တာ့အတွက်အဆင်မပြေရင် တခြားဆရာဝန်ရှာရုံပေါ့'
ကြယ်သီးတစ်လုံးအားတပ်ပြီးနောက်ထွက်သွားဖို့ပြင်ချိန်မှာပဲ သျှားမြတ်စစ်ရည် က မြေ့ယိမ်းစက်ဖြူ လက်ကိုဆွဲကာ
'ကြိုက်သလောက်ရန်ဖြစ်....ကိုယ်ကုပေးမယ်'
မြေ့ယိမ်းစက်ဖြူ ၏စကားက သျှားမြတ်စစ်ရည် ကိုသဝန်တိုစေတာကြောင့် သျှားမြတ်စစ်ရည် ခမျာ ရုပ်တည်ကြီးဖြင့်ဟောက်နေပေမဲ့ မနိုင်သောကြောင့် နောက်ဆုံးတော့ သူပဲအလျှော့ပေးလိုက်ရသည်။
YOU ARE READING
ချစ်ခြင်းဒဏ္ဍာရီ-ချစ်ခြင်းဒဏ္ဍာရီ