Final part

2.8K 141 5
                                    

(Unicode)

"မရဘူးအာရုံ ငါမလိုက်ချင်ဘူး"

လှည့်ထွက်လာတဲ့ အက္ခရာနောက်တွင် ချစ်အာရုံက ကပ်ရပ်ပါလာသည်။ ဆိုဖာတွင်၀င်ထိုင်လိုက်တော့
ဘေးတွင်ကပ်ရပ်လိုက်ထိုင်သည်။

"လိုက်ခဲ့ပါဟာ သိမ့်တို့လဲပါမှာ နော်"

အာရုံ့ကိုကြည့်နေရင်း အတွေး၀င်မိသည်။

သိတာပေါ့ ချစ်အာရုံရယ်။ သိမ့်ပါမယ်ဆို မောင်ပါသေချာပေါက်‌ပါလိမ့်မှာ။ မောင့်ကိုရင်ဆိုင်နိုင်ဖို့
နှလုံးသားက လုံလောက်တဲ့ energy မရှိသေးဘူးလေ။ ဖြစ်နိုင်သမျှတော့ ခပ်ဝေးဝေးမှာဘဲရှိပါစေ။

"တော်ပြီ အာရုံ ငါမလိုက်ဘူးသေချာတယ်"

"အက္ခရာရယ်"

အားမလိုအားမရဖြင့် ကြည့်နေတဲ့ အာရုံ့ စိတ်ထဲ အကြံတစ်ခုပေါ်လာခဲ့သည်။နှုတ်ခမ်းတွေကိုမဖွင့်ဟပါဘဲ ပြုံးလိုက်သည်က တစ်ခုခုကို ရအောင်ကြိုးစားတော့မည်ဟန်ဖြစ်နေသည်။

"သိမ့်တို့က လကုန်ရင်ဟိုကိုပြန်တော့မှာ အခုကလဲ ခဏလာလည်တာတဲ့ အပြီးပြန်တာလဲဖြစ်နိုင်တာမို့ မပြန်ခင် ငါတို့နဲ့ ခရီးထွက်ချင်နေရှာတာ နင်မလိုက်ချင်ဘူးဆိုတော့လဲ ဘယ်တက်နိုင်ပါ့မလဲ ဟင်း...ငါဘဲပြောပြလိုက်ပါ့မယ်"

လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ အက္ခရာ ကိုကြည့်ရင်း အာရုံ ကျေနပ်စွာပြုံးလိုက်မိသည်။ သို့သော် ခေတ္တမျှသာဖြစ်သည်။

အက္ခရာမှာတော့ အာရုံ့စကားကြောင့် ကျောပေးထားတဲ့ ကိုယ်ကို မျက်နှာပြန်မူကာဖြင့်။

"အပြီးပြန်မယ် ဟုတ်လား"

အာရုံက ၀မ်းနည်းဟန်ဖြင့် ခေါင်းညိတ်ပြသည်။
အက္ခရာသည်လည်း အတွေးတွေထဲခြေဆန့်ရတော့သည်။

မောင်က အက္ခရာနှင့်ဝေးရာကိုသွားတော့မည်တဲ့လား။ အပြီးတိုင်နှုတ်ဆက်ခြင်းမျိုးတွေနဲ့ တစ်ဖန်ပြန်ပေါ်ချင်တာလား မောင်။ အစထဲက ပြန်ထွက်သွားမှာဆို ဘာလို့များ ထပ်တိုး၀င်ခဲ့သေးလဲ။
အက္ခရာ မောင့်‌အပေါ် တွေဝေလွန်သွားလို့ မောင်ကမချစ်ချင်တော့တာများလားကွယ်။ ဘယ်လိုကြောင့်ပင်ဖြစ်စေ ထာ၀ရမခွဲခွာရခင် မောင့်အနားတော့ ရနိုင်သမျှလေး ရှိချင်မိပါသေးသည်။
မျက်လုံးလေးဖြစ်ဖြစ် အပြုံးလေးဖြစ်ဖြစ်၊
ငေးနိုင်သမျှ၊ ငေးနိုင်သမျှပေါ့လေ။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Where stories live. Discover now