အခန်း ၁၂

1.4K 130 15
                                    

(Unicode)

ညနေဆည်းဆာဟာ လှပပေမယ့်လည်း တံခွန့်အတွက်တော့ ဒီနေ့မှ ကြည့်ရဆိုးနေသလိုပင်။
ကားပါကင်မှာ စောင့်နေတာကြာနေပြီဖြစ်သော်လည်း
မျှော်နေရသူမှာတော့ ပေါ်မလာ။ တံခွန်သာ တမျော်မျော်နှင့် လည်ပင်းရှည်ရသည်။

မှောင်လုဆဲဆဲ အချိန်တွင် မမနဲ့အတူ ကိုခန့်ကိုပါ
အတူယှဉ်တွဲလျှောက်လာသည်ကိုမြင်လိုက်ရတော့
တံခွန် မျက်ခုံးတွေဟာ တွန့်ကွေးသွားရသည်။
လျင်မြန်လှသော ခြေလှမ်းတွေမှာ မမရှိရာဆီသို့
အစွမ်းကုန်ဦးတည်နေကြသည်။

"မမ!"

တံခွန့်ရဲ့အသံမှာ မကျယ်လောင်သော်လည်း
တိရိပြတ်သားနေသည်။ တည်ငြိမ်တဲ့အသံနှင့်
မျက်နှာထားမှာ အလိုမကျမှုတွေ အတိအကျပေါ်လွင်နေဟန်။

"အော် ကြယ်တံခွန်.."

ကိုခန့်က သူ့ကို ခပ်ပြုံးပြုံးကြည့်ကာပြောလာသည်။
ထိုသို့ အပြုံး၊ ထိုသို့သော အခေါ်တွေကို တံခွန် သဘောမကျပါ။

"ပြန်ကြရအောင် မမ"

ဒေါသစိတ်တွေကို ထိန်းကာ အားယူပြောရသည်။
အက္ခရာ...တံခွန့်ကို မျက်နှာလွှဲလိုက်ကာ...။

"ဟင့်အင်း။ အက္ခရာကို ဒီနေ့ ကိုခန့်လိုက်ပို့လိမ့်မယ်"

"ကိုသတိုးခန့်...မမကို တံခွန်ပဲ ခေါ်သွားလိုက်ပါ့မယ်။ ညအချိန်ကြီး ယောကျာ်းတစ်ယောက်နဲ့ အတူမပြန်သင့်ဘူးလို့ တံခွန်ထင်တယ်။ ကိုခန့်က လူကြီးလူကောင်းပီသမှာပါ"

ရုန်းမရအောင် ချုပ်ပြောပြောလာတဲ့ တံခွန့်စကားတွေကြောင့် ကိုခန့်က မျက်နှာပျက်သွားပေမယ့် ဘာမှတော့မပြောပေ။ မှုန်ကုပ်စွာနေနေတဲ့ မမကို တစ်ချက်ကြည့်ပြီး နှုတ်ဆက်ကာ ပြန်သွားခဲ့သည်။

"ကိုယ်ပြန်နှင့်မယ် အက္ခရာ ၊ တံခွန်နဲ့ လိုက်သွားတာက ပိုအဆင်ပြေမယ်လို့ ကိုယ်ထင်တယ်။ ကိုယ်ချစ်ရတဲ့ မိန်းကလေးကို ထိခိုက်စေမှာမျိုးတွေ မလိုချင်ဘူးကွာ"

ပြန်တာတောင် ရိုးရိုးမပြန်ပါပဲ မထိတထိစကားတွေ
ချန်ထားခဲ့သေးတဲ့လူ။ ဒီလူတော့ စိတ်ရှိတိုင်းဆို
ယမမင်းဆီ ဗီဇာ မလိုပဲရောက်ကုန်တော့မည်။

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်(တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်)Donde viven las historias. Descúbrelo ahora