Unicode
စာမေးပွဲနီးမှ စာထလုပ်တဲ့ဝမ်ရိပေါ်ကို လူတွေက အထူးအဆန်းကြည့်ကြပါတယ်။ရှေ့မှာတော့ "ကြိုးစားပေါ့" လို့ပြောကြပေမဲ့နောက်ကွယ်ရောက်ရင်"ကျမှာပဲ" ဆိုတဲ့စကားကိုအတင်းအဖျင်းလိုပြောကြတယ်။ ဒါတွေပြန်ကြားရလို့လည်း သူဒေါသမဖြစ်မိဘူး။ မှန်ပါတယ်။ ဒီနှစ်မှာ သူအောင်ဖို့ရည်ရွယ်ချက်မရှိဘူး။ အနည်းဆုံးတော့ ဒီနှစ်ကျရင်တောင်နောက်နှစ်ပြန်တတ်တဲ့အခါ ဒီစာတွေကအလကားမဖြစ်ဘူးလေ။
"ဒီနှစ်တော့အေးဆေးပျော်ပါးပြီးနေလေကွာ ... လာ ဒီတစ်ခေါက်ကလပ်သွားကြမယ်... ဟိုတစ်ခါ bar မှာတွေ့တဲ့ကောင်မလေးတွေက ဒီနေ့အဲ့မှာတွေ့မယ်လို့ချိန်းထားတာမင်းမှတ်မိတယ်မှတ်လား"
ထိုသို့ခေါ်ဆောင်တဲ့လူတွေက သူ့ရဲ့ဝမ်းကွဲညီအစ်ကိုတွေဖြစ်တယ်။ သူ့ထက်သုံးလေး နှစ်ကြီးတဲ့ဝမ်းကွဲ အစ်ကိုတွေဖြစ်နေပါစေဦးတော့ ဘယ်သောအခါမှဘေလ်ရှင်းပေးရိုးထုံးစံမရှိဘူး။ ဝမ်ရိပေါ်ပါရင်ဝမ်ရိပေါ်ပဲရှင်းရတယ်။ ဝမ်ရိပေါ်ရဲ့ပိုက်ဆံကိုကပ်သုံးတဲ့ထိုသူတွေက Clubတွေ Barတွေထဲဈေးအကြီးဆုံး table ကိုမှထိုင်ချင်ကြတယ်။ သူ့မှာငွေပေါလို့ ထိုသူတွေကပ်နေကြမှန်းလည်းသူသိတယ်။ သို့ပေမဲ့ ဝမ်ရိပေါ်ကသိသိလျက်နဲ့မိုက်တွင်းတွေနက်ပါတယ်။
ဝမ်ရိပေါ်ပိုက်ဆံကိုကပ်သုံးတဲ့ သူ့ဝမ်းကွဲအစ်ကိုတွေက သူတို့ရဲ့အပေါင်းအသင်းတွေကိုပါ အားမနာတမ်းခေါ်ကြတယ်။
"လာခဲ့ ဒီတစ်ခေါက်လည်းငါ့ညီကရှင်းမှာတဲ့"ရှင်းပေးပါမယ်လို့ ဝမ်ရိပေါ်မပြောခဲ့ပါဘူး။ ဝမ်းကွဲအစ်ကိုတွေကသာ ဝမ်ရိပေါ်ပြောပါတယ်ဆိုပြီး သူတို့အပေါင်းအသင်းတွေကိုခေါ်ဆောင်ကြတာပါ။ဈေးသင့်တဲ့ ဝီစကီကို အာစွတ်ရုံသောက်နေတဲ့ဝမ်ရိပေါ်က ထိုစကားတွေကိုကြားပေမဲ့ သူမပြောပါဘူးလို့လည်းပြိုင်ငြင်းမနေတော့ပါဘူး။ ဒီဝိုင်းစလိုက်တည်းက သူရှင်းရမယ်ဆိုတာဝမ်ရိပေါ်သိပြီးသားပါ။ မျိုးရိုးကြားထဲ ဝမ်ရိပေါ်အဖေက အတော်လေးငွေရှာကောင်းတာလည်းပါမှာပေါ့လေ။
YOU ARE READING
The Sound of someone crying
Fanfictionတစ်စုံတစ်ယောက်ကပြောတယ် started Date - 28.2.2023. Ending Date -