TSOSC - 16

303 33 6
                                    

Unicode

စုန့်ဆန်ယွီချန်မှာ ရည်းစားတွေများတာကို ဝမ်ရိပေါ်သိတယ်။ ထိုလူက သူသတ်မှတ်ထားတဲ့ရက်မှာ တဖက်မိန်းကလေးကိုအဖြေပေးစေပြီး အနည်းငယ်မူတဲ့မိန်းကလေးတွေကို ဆက်လက်လိုက်ခြင်းမရှိတော့ဘူး။ သူ့ဘက်က 'ချစ်တယ်' ပြောလို့ တစ်ဖက်က ပြန်ပြီး 'ချစ်တယ်' မပြောရင် ထိုမိန်းကလေးကို လစ်လျူရှူပြီး နောက်တစ်ယောက်ကိုထပ်လိုက်တယ်။ စုန့်ဆန်ယွီချန်က စစ်မှန်တဲ့ချစ်ခြင်းမေတ္တာရှိသူထက် ရည်းစားဘယ်နှယောက်ထားနိုင်ခဲ့တယ်ဆိုတဲ့အရေအတွက်ကိုပဲ ဦးစားပေးတဲ့လူဖြစ်တယ်။

ဒါပေမဲ့ … … …။
မထင်မှတ်ထားတဲ့နေ့တစ်ရက်ဖြစ်လာတယ်။

စုန့်ဆန်အမျိုးသမီးက ဝမ်ရိပေါ်ရဲ့အိမ်ကိုရောက်လာတယ်။ အရင်လို ငွေအနည်းငယ်လာလှည့်တယ်အထင်နဲ့ ဝမ်ရိပေါ်က သူ့မိခင်ကိုခေါ်ပေးလိုက်တယ်။

"အစ်မရောက်လာပြီလား … ယွီချန်ရဲ့အ‌ခြေအနေရောဘယ်လိုလဲ"
ကလေးမိခင်တွေမျက်နှာဆုံညီတဲ့အခါ သားတွေသမီးတွေအကြောင်း မပြောမဖြစ်ပြောကြမယ်မှန်း ဝမ်ရိပေါ်သိတယ်။ သူ့မိခင်က တဖက်အမျိုးသမီးရဲ့ကလေးအကြောင်းမေးပြီးရင် သူမရဲ့သားသမီးအကြောင်းတွေကိုလည်းပြန်ပြောပြမှာပဲ။ သူ့ရဲ့ကောင်းကြောင်းတွေမကောင်းကြောင်းတွေနဲ့ သူ့အနာဂတ်ကိုဘယ်လောက်အထိမျှော်လင့်ကြောင်းတွေ ပြောလာတော့မယ်မှန်း ဝမ်ရိပေါ်ရိပ်မိတဲ့အတွက် ထိုအမျိုးသမီးနှစ်ဦးရှိနေရာအခန်းထဲမှ သူထွက်လာခဲ့လိုက်တယ်။ သူ့ရှေ့မှာ သူ့အကြောင်းပြောတာကို နားထောင်နိုင်တဲ့အင်အားတွေ ဝမ်ရိပေါ်မှာမရှိဘူး။ မျက်နှာပူတယ်။ သူ့ဖခင်ရဲ့ခြေရာအတိုင်း မလိုက်နိုင်တဲ့သူ့ကို သူ့ဖခင်အတိုင်းဖြစ်စေချင်တဲ့ သူ့မိခင်ရဲ့ဆန္ဒတွေကို သူနားထောင်ရဖို့ တကယ်ကိုမျက်နှာပူတယ်။

ထိုအချိန်က သူ ရှောင်းကျန့်ကို ဖွင့်ပြောပြီးတဲ့ကာလမှာဖြစ်တယ်။ အိမ်ကိုရောက်လာတဲ့လူတွေနဲ့ သူစကားမပြောချင်ဘူး။ သူက ရှောင်းကျန့်တစ်ယောက်ထဲနဲ့ပဲစကားပြောချင်ခဲ့တယ်။ စဉ်းစားဖို့အချိန်ပေးထားခဲ့တာ သိပ်ကိုကြာနေသလားပဲ။

You've reached the end of published parts.

⏰ Last updated: Jun 15, 2023 ⏰

Add this story to your Library to get notified about new parts!

The Sound of someone cryingWhere stories live. Discover now