TSOSC - 14

137 30 16
                                    

Unicode

သံပတ်ရပ်နေတဲ့စက်ရုပ်ကိုမြင်ဖူးလား။
အခန်းထောင့်မှာရှိတယ်။

အငိုသည်းတတ်တဲ့ကောင်လေးက ဒီတစ်ခါမှာတော့ မငိုတော့ဘဲ အခန်းထောင့်နံရံကိုမီရင်း ထိုင်ပါတယ်။ သီချင်းတွေလည်းမဖွင့်ထားဘူး။ အခန်းအပြင်က မိုးသံကိုလည်းမကြားရဘူး။ တိတ်ဆိတ်တယ်။ သူ့နှလုံးသားထဲက အသံသည်လည်းတိတ်ဆိတ်နေတယ်။ သူနှလုံးက ခုန်နေသေးရဲ့လား။ အင်း သူစမ်းကြည့်တာတော့ ခုန်နေသေးတယ်။ သို့ပေမဲ့ သူ့နှလုံးသားထဲကလူကတော့ ထွက်ခွာသွားပြီ။

‌မီးတွေထွန်းထားတဲ့ အခန်းထဲ ဝမ်ဇစ်ဇစ်ကဝင်လာတယ်။ သန်းခေါင်ကျော်နေတဲ့အထိ အခန်းမီးတွေလင်းနေတာက ထူးဆန်းတယ်။
"ကိုကိုမအိပ်သေးဘူးလား"

"ဪ အင်း ဘာဖြစ်လဲ"

"ပစ္စည်းမှာမလို့လေ … ဘယ်အရောင်လှလဲလာမေးတာ"

"မေးလေ"

ဝမ်ဇစ်ဇစ်ပြတဲ့ နှုတ်ခမ်းနီအရောင်တွေကို ဝမ်ရိပေါ်သေချာကြည့်ပြီး စိတ်ပါလက်ပါနဲ့ရွေးပေးပါတယ်။ အိပ်မပျော်မယ့်အတူတူ ဝမ်ဇစ်ဇစ်ပြောပြတဲ့ ပစ္စည်းအကြောင်းတွေကိုပဲ ဝမ်ရိပေါ်နားထောင်ဖြစ်တယ်။

"ကိုကို ဒီတစ်ခုကလေ အသက်ပြည့်ပြီးတဲ့လူတွေပဲမှာလို့ရတာတဲ့ အဲ့ဒါ ကိုကို့ account နဲ့မှာပေးပါလား"

နံဘေးမှာချထားတဲ့ဖုန်းကိုယူပြီး ဝမ်ဇစ်ဇစ်လက်ထဲကိုသူထည့်လိုက်တယ်။ သူမက လက်ထဲရောက်လာတဲ့ဖုန်းကို ဖွင့်ထားပြီးတဲ့အရာကိုမကြည့်ဘဲ Home key ကိုနှိပ်ပြီး ထွက်ပါတယ်။ သူမကသိပ်ကိုငယ်ပါသေးတယ်။
ငယ်သေးတဲ့သူမက ဘာနားလည်မှာလဲလို့ ဝမ်ရိပေါ်တွေးပါတယ်။ ဒါပေမဲ့ … သူမအရွယ်မှာ ဝမ်ရိပေါ်ဟာ လူတစ်ယောက်ကိုမေတ္တာရှိနေပြီးပြီ။ သူမရဲ့ခေါင်းကိုပုတ်ဖို့ပြင်မိပေမဲ့ ဝမ်ရိပေါ်ရဲ့လက်တွေက လေထဲမှာရပ်တန့်သွားပါတယ်။ သူ ဒီလိုလုပ်ဖူးခဲ့တဲ့ တစ်စုံတစ်ယောက်ကိုသတိရမိပါတယ်။ ရင်ဘတ်ထဲက အနည်းငယ်နာပေမဲ့ ဒီနာကျင်မှုကိုအရေးတယူနဲ့သူထုတ်မပြောတော့ဘဲ သူ့ဖုန်းကိုသုံးနေခဲ့တဲ့ ဝမ်ဇစ်ဇစ်ကိုသာကြည့်နေလိုက်ပါတယ်။

The Sound of someone cryingWhere stories live. Discover now