I hate you! {WooJay}

199 14 3
                                    

" သခင်ကြီး ရဲဘက်က ကျနော်တို့လူတွေ သတင်းပို့လာတယ် ဝရမ်းကျလာတယ်ပြောတယ် အမြန်ရှောင်ဖို့လုပ်ပါ "

" တောက်စ် ဒီလောက်သတိထားနေတာတောင်ကွာ... "

" အချိန်မရှိဘူး သခင်ကြီး မြန်မြန်ရှောင်ပါ "

" အေး.. မင်းတို့ သခင်လေးကို ဖုန်းဆက် "

" ဟုတ်ကဲ့ "

ဂျုံဝူးတစ်ယောက် ကားမောင်းနေရင်း ဖုန်းဝင်လာတာမို့လို့ ကြည့်လိုက်တော့ အဖေ့လူယုံတော်ရဲ့ဖုန်းမို့လို့ ကိုင်လိုက်သည်။

" Hello? "

" Hello သခင်လေး ရဲတွေဘက်က သတင်းရတယ် သခင်ကြီးအတွက် ဝရမ်းပါတယ်ပြောတယ် "

" ဘာ!! အဖေရော အဆင်ပြေရဲ့လား "

" ပြေပါတယ် သခင်လေး အခုလောလောဆယ် ကျနော်တို့ safe house ကိုဘဲ ရှောင်မှာမို့လို့ သခင်လေးကို အဲ့ကိုဘဲ လိုက်ခဲ့ဖို့ သခင်ကြီးပြောပါတယ် "

" အိုခေ ငါအခုဘဲ ထွက်လာမယ် "

ဂျုံဝူး ပြောပြီး ဖုန်းချလိုက်သည်။

ဒီလောက်သတိထားနေတဲ့ကြားက ဘယ်ကဘယ်လို သက်သေကရသွားတာလဲ? ဧကန္တ ဂိုဏ်းထဲမှာ သူလျိုရှိနေတာများလား....

ဖြစ်နိုင်ချေတစ်ခုကို ဂျုံဝူး စဉ်းစားလိုက်မိသည်။ ဒီလိုလောကမှာ သူလျိုရှိတယ်ဆိုတာ ထူးဆန်းတာမဟုတ်လို့ အခုလောလောဆယ်မှာ ဖြစ်နိုင်ချေအရှိဆုံးပင်။ သူလျိုဖမ်းဖို့ကိစ္စကို တေးမှတ်ထားလိုက်ပြီး လောလောဆယ် အဖေ့ကို safe house မှာ သွားတွေ့ဖို့အတွက် ကားကိုကွေ့လိုက်တော့သည်။

" အဖေ အဆင်ပြေရဲ့လား "

" ပြေတယ် သား "

" အဖေ အမြန်ဆုံးရှောင်နေမှရမယ် ဒီနေရာကလည်း လုံခြုံတယ်လို့ တပ်အပ်ပြောလို့မရဘူး ကြွက်စုတ်(သူလျို)တွေ ရှိတယ် "

" အဖေလည်း ရိပ်မိပါတယ် မင်းကို အရင်စောင့်နေတာ ကဲ မင်းလည်းရောက်ပြီဆိုတော့ သွားရအောင် "

ဂျုံဝူး အဖေ့ကိုခေါ်ပြီး ထွက်ဖို့လုပ်တဲ့အချိန် အပြင်က သေနတ်သံကြားရတာမို့လို့ အဖေ့သက်တော်စောင့်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ Jay ကို ခေါ်သွားခိုင်းလိုက်သည်။

Boy Planet One Shot Collection {Multi OTP}Where stories live. Discover now