Episode - 1

3.6K 315 7
                                    

C.U.P.I.D cupid လို့ခေါ်တဲ့ မြှားနတ်မောင် နတ်သားလေးတွေကို အချစ်နဲ့ မကင်းကွာတဲ့ လူတိုင်း သိကြမှာပါ။ ဖြူဖွေးနေတဲ့ အတောင်ပျံသေးသေးလေး တစ်စုံကို တဖျတ်ဖျတ်ခပ်ရင်း အဝိုင်းပုံသဏ္ဍာန် သရဖူလေးတစ်ခုကို ခေါင်းမှာဆောင်းပြီးတော့ လေး မြှားတစ်စုံနဲ့ လောကမှာရှိတဲ့ လူတိုင်း ချစ်ရသူနဲ့ ပေါင်းဖက်ဖို့ ကြံဆောင်ပေးနေရတဲ့ နတ်မျိုးနွယ်ဝင် နတ်သားလေးတွေပေါ့။ ဒါပေမယ့် ကျွန်တော်တို့လို 21 ရာစုရဲ့ Cupid တွေကတော့ အတောင်ပျံလဲ မပါသလို သရဖူလဲ မဆောင်းထားပါဖူး။ လေး နဲ့ မြှားလဲ မပါပေမယ့် ချစ်ရသူတွေကို ပေါင်းဖက်နိုင်အောင် ဆောင်ရွက်ပေးရတဲ့ ရည်ရွယ်ချက်ချင်းကတော့ အတူတူပါဘဲ။ ပုံစံချင်းမတူပေမယ့် ရည်ရွယ်ချက်ချင်း တူတဲ့ ကျွန်တော်တို့က 21 ရာစုရဲ့ Cupid နတ်ချောလေးတွေလေ။

21 century.........

Seoul မြို့ရဲ့ လူစည်ကားသော ice cream ဆိုင်တစ်ခု၏ ရှေ့တွင် ကောင်လေးတစ်ယောက်သည် ice cream ခွက်ကြီး တစ်ခုကို ကိုင်ကာ ထို ice cream ကို ကြော်ငြာသော model ၏ foto stand ရှေ့တွင် ရပ်၍ ice cream ကို စိမ်ပြေနပြေ ရပ်စားနေလေသည်။ ဆိုင်ထဲမှာရှိတဲ့လူတွေသာမက လမ်းသွားလမ်းလာ လူတွေပါမကျန် သူ့ကို ဘယ်လောက်ဘဲ ကွက်ကြည့်ကွက်ကြည့် လုပ်လုပ် ထိုကောင်လေးကတော့ စားလက်စ ice cream ကိုသာ ကုန်အောင် ဆက်စားနေလေ၏ ။ ice cream အကုန်ကုန်ပြီ ဆိုတော့မှ ဘောင်းဘီ အိတ်ကပ်ထဲမှ phone ကို ထုတ်ပြီး ice cream ခွက်ကို ကိုင်ကာ model foto stand ကြီးနှင့် အတူ ဓာတ်ပုံတွဲရိုက်နေလေသည်။ သူ စိတ်ကျေနပ်လောက်သည့် ပုံတွေ ရပြီဆိုတော့မှ ဝတ်ထားသော စာကြည့်မျက်မှန် အဝိုင်းကြီးကို တစ်ချက် ပင့်တင်ကာ ကွက်ကြည့်ကွက်ကြည့် လုပ်နေသော လူတွေကို တစ်ချက်တောင် စောင်းငဲ့မကြည့်ဘဲ ထိုဆိုင်ရှေ့ကနေ ထွက်လာလေသည်။

အောင်မလေးးးး လူတွေများနော် ကိုယ့်ဘာသာကိုယ် ဓာတ်ပုံရိုက်နေတာကိုများ ကွက်ကြည့်ကွက်ကြည့်လုပ် နေကြသေးတယ်။ ထူးဆန်းတာ ကြနေတာဘဲ။ ငါ့ Hyung နဲ့တောင် သေချာတွဲမရိုက်ခဲ့ရဖူး။ မှန်းစမ်း ပုံတွေရော လှရဲ့လားမသိဖူး။ မလှမှာ မပူရပါဖူး ငါက ချောပြီးသားဘဲ ကို ငိငိ XD

C.U.P.I.DWhere stories live. Discover now