Lu : yahhh SeHun... မြန်မြန်လာ...
အရှေ့ကနေ ကုတ်ကုတ် ကုတ်ကုတ်နဲ့ ခြေဖော့သွားနေရင်း အသံနှိမ့်ကာ သူ့ကို လှည့်ခေါ်နေသော LuHan ကိုကြည့်ပြီး SeHun စိတ်ပျက်လက်ပျက်နဲ့ ခေါင်းတစ်ချက်ခါလိုက်သည်။ တကယ်ဆို dressing room ကို ရောက်ဖို့ အရှေ့ပေါက်ကနေ သွားလဲ ဖြစ်တဲ့ကိစ္စကို ဒီကိုယ်တော်ချော cupid က ဘာစိတ်ကူးနဲ့များ သော့ပိတ်ထားတဲ့ အနောက်ပေါက်တံခါးကိုတောင် ဖျက်ပြီး ခိုးကြောင်ခိုးဝှက်ဝင်လာမှန်း သူစဉ်းစားလို့ကို မရ။
Hun : LuHan... ဘာကိစ္စ dressing room ကို သွားမှာလဲ
SeHun သည်းမခံနိုင်တဲ့အဆုံး အရှေ့ကသွားနေတဲ့ LuHan အင်္ကျီစကို ဆောင့်ဆွဲပြီး မေးလိုက်တော့ ဟိုက တုံးရန်ကော ဆိုတဲ့ အကြည့်နဲ့ လှည့်ကြည့်လာပြီး
Lu : မင်းဘဲ BaekHyun ကို လက်ဆောင်ပေးချင်တယ်ဆို
Hun : အေးလေ...
Lu : အေးလေ... အဲ့ဒါ အခု သွားပေးဖို့လေ...*အောင်မလေးးးး မောင်မင်းကြီးသား cupid ရယ်... Idol တစ်ယောက်ကို လက်ဆောင်ပေးဖို့ ဒီလို ခိုးကြောင်ခိုးဝှက် ဝင်ရုံနဲ့ ရတယ်လို့များ သူထင်နေလားမသိ...*
Hun : Byun BaekHyun ရဲ့ dressing room ထဲဝင်ဖို့ အရမ်း လွယ်တယ်လို့များ ထင်နေသလား? ရှေ့ဆိုရင် dressing room တွေနားရောက်တော့မယ်... အဲ့နား မရောက်ခင်မှာ security တစ်ယောက်က စောင့်နေတာ... ဟိုက မင်းမျက်နှာကို မြင်တာနဲ့ ဝင်ပါသားရယ် လို့ ကြည်ကြည်ဖြူဖြူနဲ့ ဝင်ခွင့်ပြုရအောင် မင်းဘိုးအေ လို့များ ထင်နေသလား?? ဟမ်??
သူလဲ စိတ်ရှုပ်ရှုပ်နဲ့ ပိုပိုသာသာလေး ဖိဟောက်လိုက်ပေမယ့် ဟိုက သူ့ကို ဂရုတောင်မစိုက်... လွယ်ထားတဲ့ လွယ်အိတ်ကို ချွတ်ပြီး လွယ်အိတ်ထဲ ခေါင်းဝင်မတတ် တစ်ခုခုကို သည်းကြီးမည်းကြီး ရှာနေလေသည်။ နှုတ်ခမ်းပိစိကလဲ အငြိမ်မနေ... ပွစိပွစိနဲ့ ဘာတွေ ရွတ်လို့ရွတ်နေမှန်း မသိ။
Lu : ရော့ ... ဒါကို ဆွဲထား... အခု ငါ့ ဘိုးအေနဲ့ သွားတွေ့ပြီး မင်းရဲ့ Hyung ကြီးဆီသွားမယ်... လာ...
LuHan တစ်ယောက်ကတော့ သူ့ လက်ထဲ ကတ်တစ်ကတ် ဆောင့်ထိုးပေးပြီး မျက်စောင်းတစ်ချက်ထိုးကာ အရှေ့ကနေ ဘောက်ဆတ် ဘောက်ဆတ်နဲ့ ထွက်သွားလေသည်။
YOU ARE READING
C.U.P.I.D
FanfictionLuHan is SeHun's Cupid and He help to improve the relationship between SeHun and BaekHyun. BaekHyun is a Singer & when they were high school student, ChanYeol and BaekHyun had the relationship but everyone knew that they are just a fri.... '' I hope...