Episode - 2

1.9K 265 9
                                    

သူ့မျက်နှာရှေ့အထိ ကိုင်းညွတ်ကာ ပြောလာသော ကိုယ်တော်ချော cupid ကို ကြည့်ပြီး SeHun တစ်ချက်ပြုံးလိုက်သည်။

အလွန်ဆုံး ရှိမှ 17 18 နှစ် ရုပ်ရည်လေးနှင့် နဖူးရှေ့ထိ ခပ်အုပ်အုပ် ဝဲကျနေသော သမင်မွှေးရောင် ဆံနွယ်လေးတွေက သူ့မျက်နှာကို ပိုနုစေသည်။ အဖြူရောင် shirt အင်္ကျီ တစ်ထည်နှင့် လိုက်ဖက်စွာ ယခုခေတ် style အပြဲပလပွ jean pants အဖြူရောင်ကို ဝတ်ဆင်ထားသော ထိုကောင်လေးက ဘာဆေးများမှားစားမိပြီး သူ့ကို Cupid လို့ လာပြောနေမှန်းကို သူ စဉ်းစားလို့ပင် မရ။ အဲ့လို ပုံစံကို cupid ပါလို့ သွားပြောလို့လဲ ဘယ်သူက ယုံမှာတဲ့တုန်း။ ကံမကောင်းရင် အရူးထောင်တောင် အပို့ခံရမယ့် ကိန်း။

Hun : Cupid???

မျက်လုံး အကြည့်တစ်ခုထဲနဲ့တင် အားမလိုအားမရဖြစ်ကာ မေးခွန်းထုတ်လိုက်တော့ ကိုယ်တော်ချော သကောင့်သား cupid က မိန့်မိန့်ကြီး ပြုံးပြီး ကော်လံကိုပင် ဆွဲထောင်နေလိုက်သေးတယ်။

ငါ့နှယ်နော် Cupid လားလို့မေးတာကို သူ့ကို အတုံးလိုက်အတစ်လိုက် ချီးမွမ်းနေတာ ကြနေတာဘဲ >_<

Lu : ဟုတ်တယ် C.U.P.I.D cupid

ပါးစပ်က အသံထွက်နှင့် အတူ လေထဲမှာ ဟိုဝေ့ရမ်း ဒီဝေ့ရမ်း နဲ့ စာလုံးပေါင်းပြနေသော ထိုကောင်လေး ကိုကြည့်ပြီး SeHun hk ခနဲနေအောင် တစ်ချက် ရီလိုက်သည်။

Hun : Hk တကယ်လို့ မင်းက cupid ဆို ငါက မိုးနတ်မင်း ဘဲ။ သွားစမ်းပါ ကောင်လေး ရာ။ ဒီမှာ Hyung စိတ်ညစ်နေတယ်။ မင်း နောက်ချင်ရင် တခြားသူ သွားနောက်။

စိတ်ပျက်လက်ပျက်နဲ့ အရှေ့မှာ ပိတ်ရပ်နေတဲ့ cupid ကောင်လေးကို တစ်ချက် တွန်းထုတ်ပြီး ကျွန်တော် ထရပ်လိုက်သည်။ ထုတ်စမ်း SeHun အကြံထုတ်စမ်း။ Japan ထိ ကို ဘယ်ပိုက်ဆံနဲ့ လိုက်ရမလဲ? ဟုတ်တယ် အခုချိန် ကျွန်တော် ခေါင်းထဲ ရှိတာက တစ်ခုတည်း။ Baek Hyung နဲ့ ChanYeol Hyung ကို ဘယ်လို စောင့်ကြည့်ရမလဲ ဆိုတဲ့ အတွေး။ မသိတဲ့ သူတွေ ဘက်က ကြည့်ရင် သာမန် ကြော်ငြာ လို့ဘဲ သတ်မှတ်ကြမှာ ဖြစ်ပေမယ့် တကျောင်းအတူတက်ခဲ့ပြီး သူတို့ relationship ကို သိခဲ့တဲ့ ကျွန်တော့်အတွက်တော့ မျက်ခုံးလှုပ်စရာပင်။ ကျွန်တော် တခါအဆုံးအရှုံးခံပြီးပြီ။ နောက်တစ်ခါ ထပ်မဆုံးရှုံးချင်ဖူး။

C.U.P.I.DWhere stories live. Discover now